"ခင်ဗျားကိုမုန်းတယ်!"
ယိုရှီအရှေ့မှာရပ်နေတဲ့ဂျောင်ဟွမ်က
ဒေါသအလွန်အကြူးထွက်နေပုံရသည်။
ယိုရှီမျက်ဝန်းထဲမျက်ရည်တွေလျှံတက်
လာပြီး ခေါင်းကိုအသွင်သွင်ခါမိတော့
သည်။"ဟင့်အင်း...မမုန်းပါနဲ့ငါ့ကိုမမုန်းပါနဲ့"
ယိုရှီစကားလုံးတွေကိုဆက်တိုက်ရွတ်
နေပေမဲ့ ထိုစကားတွေကအသံအဖြစ်
ထွက်ပေါ်မလာခဲ့။ သူကြိုးစားအော်
နေပေမဲ့အသံထွက်မလာခဲ့သလိုသူငို
နေတာကိုလဲဂျောင်ဟွမ်ကဥပေက္ခာပြု
နေသည်။ရင်ထဲမွန်းကျပ်လာမှုကိုမခံ
စားနိုင်တော့တဲ့အဆုံးသူဒီနေရာကနေ
အဝေးဆုံးကိုပြေးထွက်သွားမိသည်။
အဝေးဆုံးတကယ်အဝေးဆုံးရောက်
တဲ့အထိကြိုးစားပြေးနေရင်း..."ဟင်းး...ဟင်းး"
အရမ်းပြေးလာရတဲ့လူတစ်ယောက်လို
မောဟိုက်နေတဲ့ခံစားချက်နဲ့နိုးထလာ
သည်။ဘေးဘီကိုဝဲကြည့်လိုက်တော့
သူသူ့အခန်းထဲမှာအိပ်ပျော်ခဲ့ခြင်းပင်။
နေ့ခင်းအိပ်မိသွားတာမို့အိပ်မက်တွေ
လျှောက်မက်နေပုံရသည်။ဘေးနားက
ခုံပေါ်ကရေယူသောက်လိုက်ကာအမော
ဖြေလိုက်ရင်းနာရီကိုကြည့်လိုက်တော့
နေ့လည်တစ်နာရီ ဒီနေ့ဂျောင်ဟွမ်သူ့ကို
အပြင်လိုက်ပို့မယ်လို့ကတိပေးထားတဲ့
နေ့ပင်။အခုနေ့လည်ကတစ်နာရီရှိနေ
ပြီဂျောင်ဟွမ်ကပြန်ရောက်သေးပုံမရ။ယိုရှီနှုတ်ခမ်းလေးဆူလာပြီးစိတ်ထဲ
ကနေဂျောင်ဟွမ်ကိုအပြစ်ဆိုနေမိသည်။"ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့်ကုတင်ပေါ်က
အပြေးလေးဆင်းလိုက်ပြီးဖွင့်လိုက်
တော့သူမျှော်နေတဲ့သူမဟုတ်လို့
ယိုရှီစိတ်ညစ်မိသွားတယ်။"သခင်လေး သခင်ကြီးကဆင်းခဲ့
ပါဦးတဲ့""ဟုတ်ဆင်းခဲ့မယ်လေးလေး"
ယိုရှီလဲအိပ်ထားတဲ့အရှိန်နဲ့မလန်းနေ
တာကော ကတိမတည်တဲ့ဂျောင်ဟွမ်
ကြောင့်ပါပေါင်းပြီးစိတ်မပါလက်မပါ
နဲ့အပေါ်ထပ်ကနေအောက်ထပ်ကိုဖြေး
ဖြေးချင်းဆင်းလာသည်။အောက်ထပ်ရောက်တော့ပါးနဲ့အတူ
ထိုင်နေတဲ့လူတစ်ယောက်ကြောင့်ယိုရှီ
ကိုယ်ကိုမတ်လိုက်ပြီး ပါးတို့နားအသာ
ဝင်ထိုင်လိုက်သည်။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖