သာမန်ရပ်ကွက်လေးတစ်ခုထဲမှာ
ပြောင်လက်လက်ကားလေးတစ်စီး
တစ်လှိမ့်လှိမ့်တိုးဝင်ရောက်လာနေ
သည်။ဂျောင်ဝူးကားကိုဖြေးဖြေးမောင်းရင်း
သူရလာတဲ့အိမ်နံပါတ်လေးကိုရှာနေ
မိသည်။တိတ်ဆိတ်ပြီးအေးချမ်းတဲ့
ရပ်ကွက်လေးကနေချင်စဖွယ်အတိ။
ဂျောင်ဝူးဒီရပ်ကွက်သားလေးနဲ့အိမ်
ထောင်ကျပြီးဒီမှာပဲအခြေချချင်မိ
တော့သည်။လမ်းရဲ့အဆုံးနားမှာတွေ့လိုက်ရတဲ့
အိမ်နံပါတ်(12)ဆိုတဲ့ဂဏန်းလေး
ကြောင့်ဂျောင်ဝူးအသာပြုံးလိုက်ရင်း
ကားကိုအရှိန်သတ်ကာ ရပ်လိုက်သည်။
ကားပေါ်ကဆင်းရင်းလက်ထဲမှာလဲ
အဆင်သင့်ပါလာတဲ့အရုပ်လေးက
နေရာယူနေသည်။အိမ်တံခါးကလူခေါ်ဘဲလ်ကိုတီးလိုက်
တော့ ခနလေးတောင်မစောင့်လိုက်
ရပဲပွင့်လာတဲ့တံခါးနှင့်အတူမြင်လိုက်
ရတဲ့မျက်နှာလေးကချစ်စဖွယ်အတိ။"...."
ဂျောင်ဝူးကိုမြင်တာနဲ့စွံ့အသွားပုံရ
တဲ့ထိုလူရဲ့နှုတ်ခမ်းလေးကခပ်ဟဟ
ဖွင့်ထားလျက်သား။"မင်း..."
"မတွေ့တာကြာပြီနော်"
ဂျွန်ဂယူမှာအံ့ဩလွန်းလို့စကားတောင်
မပြောနိုင်တော့။မတွေ့တာကြာလို့
ပျော်ရမဲ့ဆက်ဆံရေးမှမဟုတ်တာ
သူတို့က။ဂျွန်ဂယူအိမ်ထဲကအခြေနေကိုလှမ်း
ရှိုးလိုက်ပြီးမှ ဂျောင်ဝူးကိုအိမ်ထဲဝင်
မရအောင်တွန်းထုတ်လိုက်ရင်းတံခါး
ကိုအမြန်ပိတ်လိုက်သည်။"ဘာလာလုပ်တာလဲ"
"ဟာဗျာ...ဂျွန့်စီလာတာကိုသိရဲ့
သားနဲ့မေးနေပြန်ပြီ"မျက်နှာကိုဆူပုတ်ထားပြီးတည်တင်း
နေတဲ့ ဂျွန်ရဲ့မျက်နှာလေးကိုဂျောင်ဝူး
ကြည့်ရင်းသဘောကျနေမိသည်။
ဒီလူအကြောင်းကိုစုံစမ်းရင်းတစ်ခု
သိလာရတာကအိမ်ကမသိအောင်
ကလပ်တွေခိုးသွားနေခြင်းပင်။
ဒီအချက်ကပဲဂျောင်ဝူးအတွက်အခွင့်
အရေးတစ်ခုဖြစ်သွားတော့သည်။"ငါ့စီလာပြီးဘာလုပ်မလို့လဲ"
"ခက်တော့တာပဲဗျာ ဂျွန်စီကကျွန်
တော်ဘာလိုချင်လဲ သိနေတာပဲ
အဲ့လိုမေးခွန်းတွေလျှောက်ထုတ်
မနေပဲအဖြေပေးဖို့သာတွေးဟုတ်
ပြီလားထပ်ပြီးရှောင်နေရင်အိမ်က
လူတွေကိုလာပြောမှာနော်"
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖