တဖြေးဖြေးနီးကပ်လာတဲ့မင်္ဂလာပွဲ
နှင့်အတူပိုပြီးရှုပ်ထွေးလာရတဲ့
ဂျောင်ဟွမ်ရဲ့စိတ်များ....ဂျောင်ဟွမ်နာရီကိုပဲဆက်တိုက်ကြည့်
နေမိသည်။ဒီနေ့သူ့သူငယ်ချင်းတွေ
နဲ့ချိန်းထားခဲ့တာကို ယိုရှီရဲ့ခေါ်ဆောင်
မှုကြောင့်မင်္ဂလာဆောင်ဝတ်စုံရွေးဖို့
ရောက်လာခဲ့ရသည်။ရွေးမဲ့အရေးကို
လဲအခါခါစဉ်းစားနေပြီး ဝတ်လိုက်
ချွတ်လိုက်နှင့်အတော်စိတ်ရှုပ်ဖို့ကောင်း
လှသည်။"ခင်ဗျားမပြီးတော့ဘူးလား!..."
ထွက်ပေါ်လာတဲ့ဒေါသသံရောတဲ့စကား
သံကြောင့်ဘေးနားကရပ်နေတဲ့ဝန်းထမ်း
တစ်ချို့ကလဲအာရုံစိုက်လာတော့သည်။
နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်
ယောက်ရဲ့တစ်ဦးတည်းသောသားလေး
ရဲ့မင်္ဂလာကိစ္စကလူအများရဲ့စိတ်ဝင်စား
ခြင်းခံနေရတာကပုံမှန်လို့ပဲပြောရမည်။"မောင်!..."
ယိုရှီကထိုနာမ်စားကိုလူအများရှေ့တွင်
ပိုင်ဆိုင်ကြောင်းပြတဲ့အနေနဲ့ခေါ်လိုက်
သည်။"ခနနေပြီးမှာပါ ဘာလို့လောနေတာလဲ"
အနားကိုလာကပ်ကာချွဲနွဲ့သလိုပြော
လာတဲ့လူကြောင့်ဂျောင်ဟွမ်မှာပို
စိတ်ညစ်သွားရသည်။ဒီလူကအသက်
ကနှစ်ဆယ့်ခုနှစ်နှစ်ရှိနေပြီခုထိကလေး
ဆန်တုန်း။ဂျောင်ဟွမ်ဒါတွေကိုလုံးဝမှ
ကိုသည်းမခံနိုင်ဖူး။"တော်ပြီ အခုဝတ်ထားတာယူလိုက်
တော့ ခင်ဗျားမပြန်ချင်နေခဲ့ကျုပ်ပြန်ပြီ"ရှေ့ကနေထထွက်သွားတဲ့ဂျောင်ဟွမ်
ကိုကြည့်ရင်းယိုရှီလက်သီးကိုဆုပ်ထား
မိလျက်။ဘေးကနေကြည့်လာတဲ့မျက်
ဝန်းတွေကိုလျစ်လျူရှုထားခဲ့ပြီးထွက်
သွားတဲ့ကလေးနောက်ကိုသာအမှီလိုက်
ရတော့သည်။"ဂျောင်ဟွမ်...."
ဂျောင်ဟွမ်လက်ကိုဆောင့်ဆွဲလိုက်ပြီး
မျက်နှာချင်းဆိုင်စေလိုက်ကာ။"မင်းအချိုးတွေပြင်နော်...ငါသည်းခံ
တာအတိုင်းတာရှိတယ်""အဟက်"
သူကပဲသည်းခံရတယ်ဆိုပဲ နှစ်ရှည်လ
များသည်းခံလာခဲ့ရတဲ့ဂျောင်ဟွမ်ရဲ့
စိတ်ကကျအရေးမပါခဲ့ပဲနဲ့။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖