ဂျောင်ဟွမ်ရဲ့မျက်နှာကိုယိုရှီစိုးရိမ်
တကြီးကြည့်နေမိသည်။အနည်းငယ်
ရှုံ့မဲ့သွားတဲ့ ဂျောင်ဟွမ်ရဲ့မျက်နှာ
ကြောင့်ယိုရှီမျက်နှာငယ်လေးဖြစ်
သွားရသည်။"ဆိုးရွားလွန်းတယ်..."
ဂျောင်ဟွမ်ရဲ့ဝေဖန်သံကြောင့်ယိုရှီ
ခေါင်းကိုငုံ့ချလိုက်ပြီးစိတ်ပျက်စွာ
ရေရွတ်လိုက်သည်။"ငါအကောင်းဆုံးလုပ်ထားတာကို"
ဘေးနားမှာမတ်တပ်ရပ်နေလျက်သား
နဲ့ခေါင်းငုံ့ကာစိတ်ပျက်သွားတဲ့သူကို
ကြည့်ပြီးဂျောင်ဟွမ်ပိုစနောက်ချင်
လာသည်။"ပိုကြိုးစားပေါ့ နောက်ကျဒီထက်ပို
ကောင်းလာမှာ"ရပ်နေတဲ့သူရဲ့လက်မောင်းကိုအသာ
ဆွဲယူလိုက်ပြီးသူ့အနားပိုတိုးရပ်စေ
လိုက်သည်။ထိုအခါမှငုံ့နေတဲ့သူရဲ့
မျက်နှာကိုရှင်းလင်းစွာမြင်လိုက်ရ
တော့ ဆူဆူပုတ်ပုတ်မျက်နှာက
ရီချင်စရာကောင်းနေသည်။"ဆူပုတ်မနေနဲ့"
"ငါဒီဟင်းချက်ရင်းလက်တွေပါအပူ
လောင်တယ် ဒါကိုမင်းကမကောင်း
ဘူးပြောနေတာလေ ဒါကိုငါကပြုံး
နေရမှာလား"ယိုရှီကတကယ်အစ်ကိုကောင်းတစ်
ယောက်ဖြစ်ဖို့ကြိုးစားနေခြင်းပင်။
သူစာတွေရှာဖတ်တော့မောင်နှမတွေ
ကြားမှာမိဘတွေမရှိတဲ့အခါညီငယ်
ညီမငယ်တွေစောင့်ရှောက်ခြင်းဆိုတဲ့
အကြောင်းအရာတွေထဲမှာထမင်း
ဟင်းကောင်းကောင်းချက်ကျွေးတာ
လဲပါသည်။ဒါကြောင့်ဂျောင်ဟွမ်
ကြိုက်တဲ့ပုစွန်ဟင်းကိုသူကြိုးစား
သင်ယူခဲ့ပေမဲ့ လက်ရာကအရမ်း
ညံ့နေလွန်းနေသေးသည်။"အပူလောင်တယ်!...ဘယ်နားလဲ"
ထမင်းစားပွဲမှာထိုင်နေရာကနေ
ရုတ်တရက်ထရပ်လိုက်ပြီးယိုရှီရဲ့
လက်တွေကိုဆွဲယူကာစစ်ဆေးလိုက်
သည်။တကယ်ပဲဆီပူကြောင့်နီရဲနေ
တဲ့နေရာတစ်ချို့..."ကျစ်...ခင်ဗျားကလေအရေးမပါ
တွေသိပ်လုပ်တာပဲ...ဆေးလိမ်း
ရမယ်"ယိုရှီ ဂျောင်ဟွမ်လက်ထဲကလက်ကို
အသာပြန်ရုန်းလိုက်ပြီး...
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖