ဆေးရုံရဲ့လျှောက်လှမ်းတစ်လျှောက်
မှာပြေးလွှားနေတဲ့ဖိနပ်သံကအခြား
အသံများကိုကျော်လွန်ပြီး ကျယ်
လောင်စွာထွက်ပေါ်နေတော့သည်။ယိုရှီသတိရလာပြီလို့သတင်းရတာနဲ့
ဂျောင်ဟွမ်ချက်ခြင်းထထွက်လာရ
သည်။အန်ကယ်တို့ထက်အရင်ရောက်
ဖို့အရေးကြီးသည်မို့။သူလုပ်ခဲ့တဲ့အကြောင်းအရာများက
ယိုရှီနဲ့လက်မထပ်ချင်လို့လုပ်ခဲ့တာမို့
အန်ကယ်နဲ့အန်တီတို့သိသွားတာမျိုးသူ
လုံးဝမလိုချင်ပါ။သူ့အနေနဲ့ကထိုဂုဏ်
မောက်နေတဲ့သခင်လေးကိုအစွယ်ချိုး
ပြီးမာန်လျော့သွားစေချင်ရုံလေးဆိုပေမဲ့
ဒီလိုအခြေနေမျိုးကမဖိတ်ခေါ်ပဲဝင်
ရောက်လာခဲ့သည်။ဝုန်း!!
တံခါးကိုအလျင်လိုစွာဆွဲဖွင့်လိုက်တော့
အလန့်တကြားလှည့်ကြည့်လာသည့်လူရဲ့
ပုံစံက ခေါင်းမှာပတ်တီးအဖြူရောင်က
နေရာယူထားပြီးဖျော့တော့နေကာအလွန်
တရာမှအားနည်းနေပြီးသနားစရာကောင်း
လွန်းလှသည့်ယုန်လေးတစ်ကောင်နှင့်ပင်
တူလှသည်။ဂျောင်ဟွမ်ဘာမှမတွေးပဲ
ထိုလူနားသွားရပ်လိုက်ရင်း..."ခင်ဗျား...အန်ကယ်တို့ကိုဘာမှမပြောဖို့
မျှော်လင့်တယ်"ဂျောင်ဟွမ်သူပြောချင်တာပြောပြီးမှ
သတိထားမိသွားတာက စိုးရိမ်စိတ်များ
ကိန်းအောင်းနေတဲ့မျက်ဝန်းတစ်စုံကိုပင်။
အထူးအဆန်းလိုသူ့ကိုကြည့်နေတဲ့
မျက်ဝန်းတွေကတည်ငြိမ်နေသလိုထိတ်
လန့်နေတာကလဲသိသာသည်။ဂျောင်ဟွမ်ခေါင်းထဲတစ်စုံတစ်ခုကိုတွေး
မိသွားပြီးအံ့ဩထိတ်လန့်သွားရသည်။
ဂျောင်ဟွမ်တွေးမိတာသာအမှန်ဆိုလျင်
ထိုလူက..."ဘယ်သူလဲ?..."
ရပ်နေရာကနေနောက်သို့ခြေလှမ်းနှစ်
လှမ်းလောက်ထိဂျောင်ဟွမ်ရွေ့သွားရ
သည်။သူထင်လိုက်တာတကယ်ကိုမှန်နေ
လို့အံ့ဩထိတ်လန့်သွားရသလိုတစ်ဖက်
ကတွေးကြည့်ရင်လဲလတ်တလောအတွက်
သူ့ရဲ့ပြဿနာကိုဖြေရှင်းသလိုဖြစ်သွား
တာမို့ စိတ်အေးသွားရတဲ့ခံစားချက်က
လဲကပ်ပါနေသည်။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖