Part-7

66 14 15
                                    

ဂျောင်ဟွမ်အလုပ်ကိစ္စအချို့ဂျောင်ဝူး
နဲ့ဆွေးနွေးပြီး အချိန်ကိုကြည့်လိုက်
တော့ညဆယ်နာရီခွဲနေပြီမို့အနားယူ
ရန်တွေးလိုက်သည်။အနားမယူခင်
အောက်ကိုခနဆင်းပြီးလမ်းလျှောက်
ချင်တာမို့ သိမ်းစရာအချို့ကိုသိမ်း
ဆည်းလိုက်သည်။

အင်းးးအရင်ကဆိုသူဒီလိုမျိုးမထွက်
ဖြစ်ခဲ့။အန်ကယ်တို့ကအလုပ်နဲ့ခရီး
သွားရတာတွေများတော့သူ့ရဲ့ညအချိန်
အများစုက ကလပ်မှာပဲကုန်ဆုံးဖြစ်
ခဲ့သည်။အိမ်မှာနေရတဲ့ညများမှာလဲ
မှောင်ပြီဆိုတာနဲ့သူအခန်းအပြင်မထွက်
ဖြစ်တော့သူမျက်နှာချင်းမဆိုင်ချင်တဲ့
သူနဲ့တွေ့ရမှာဆိုး၍သာ။သိမ်းစရာရှိတာသိမ်းဆည်းပြီးတော့အခန်းထဲကထွက်
လာခဲ့သည်။

ဂျောင်ဟွမ်ထွက်လာတော့တစ်အိမ်လုံး
ကတိတ်ဆိတ်နေပြီ။နေ့ခင်းကလိုသွား
လာနေတဲ့အလုပ်သမားများလဲရှိမနေ
တော့တစ်အိမ်လုံးကမီးဆိုင်းများနဲ့
လင်းထိန်နေပြီးတိတ်ဆိတ်မှုကသာ
လွှမ်းမိုးနေသည်။အန်ကယ်တို့လဲဒီ
အချိန်ဆိုအနားယူနေပြီဖြစ်သည်။

လှေကားကနေဖြေးဖြေးဆင်းသွားရင်း
မှအောက်ထပ်ကဧည့်ခန်းကိုလှမ်းမြင်
ရတဲ့အနေထားကိုရောက်တော့ သူ့ခြေ
လှမ်းတွေတန့်သွားသည်။

ဧည့်ခန်းထဲကတီ‌ဗီဟာဖွင့်လျက်သား
ဆိုဖာပေါ်မှာစောင်အပါးလေးခြုံကာ
အိပ်ပျော်နေပုံရတဲ့သူကသခင်လေး
ဆိုသူသာ....

"ဟက်...."

ဂျောင်ဟွမ်အသံထွက်ရယ်လိုက်ပြီး
အကြောင်းမဲ့ရပ်ကြည့်နေမိသည်။
ထိုစဉ်သူ့မြင်ကွင်းထဲဝင်လာတဲ့တခြား
လူတစ်ယောက်။ထိုလူကအိပ်နေတဲ့
သူကို‌ ပွေ့ချီဖို့လုပ်နေတာမို့ဂျောင်ဟွမ်
ရဲ့ခြေတံ‌ရှည်တွေကလှေကားထစ်တွေ
ကိုကျော်ကာအလျင်စလိုလှမ်းမိသွား
သည်။

"မင်းဘာလုပ်မလို့လဲ!..."

ညရဲ့တိတ်ဆိတ်မှုကြောင့်လားသူ့
အသံကပဲကျယ်သွားလားမသိရှေ့
ကလူကလန့်သွားပုံရသည်။ဒီလူကို
သူသိသည် အိမ်တော်ထိန်ရဲ့တူပင်
ဒီမှာကျောင်းတက်ရင်းအလုပ်လုပ်
နေတဲ့သူ ဘာကြောင့်ဒီလူကဒီအချိန်
မှ အိမ်တော်ထဲဝင်လာပြီးထိုသို့ပြုမူ
ရပါသနည်း။

IMBALANCEWhere stories live. Discover now