ခြံထဲကခုံလေးပေါ်မှာယိုရှီတစ်ယောက်
ထဲထိုင်နေမိသည်။ထိုင်ချင်လို့ထိုင်နေ
ခြင်းတော့မဟုတ် ဒီနေ့ဂျောင်ဟွမ်က
သူ့ကိုဆိုင်ခေါ်သွားမည်ဆို၍စောင့်နေ
ခြင်းသာ။မားကနေ့တိုင်းနည်းနည်းစီသူတို့
အကြောင်းတွေကိုပြောပြတတ်သည်။
ထိုအထဲမှာမှဂျောင်ဟွမ်ကဘွဲ့ရပြီး
တာနဲ့ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်သာ
တောင်းခဲ့ပြီးကျန်တဲ့ပိုင်ဆိုင်မှုတွေ
နဲ့ပတ်သတ်တဲ့ကိစ္စရပ်တွေမှာလုံးဝ
မပါဝင်ခဲ့။ထိုအကြောင်းအရာကို
ကြားပြီးသူ့မွေးစားညီလေးရဲ့စိတ်
ဓာတ်နဲ့မာနထားတတ်တာလေးကို
တော့ သူချီးကျူးမိသွားသည်။အစပိုင်းတော့ထိုကလေးနဲ့တွေ့ရင်
အနေရခက်ပေမဲ့အခုနောက်ပိုင်းတော့
ယိုရှီနေသားကျလာသည်။စဉ်းစား
ကြည့်ရင်သူမေ့နေတဲ့အတိတ်တွေထဲ
မှာလဲသူတို့အဆင်ပြေတဲ့ညီအစ်ကို
တွေတော့ဖြစ်ခဲ့ကောင်းပါရဲ့။သူတို့
ကြားဆက်ဆံရေးနဲ့ပတ်သတ်ပြီးမေး
တဲ့အခါတိုင်းအားလုံးကမဖြေချင်
သလိုမျိုးဖြေလိုက်ရင်လဲတစ်ခုခု
တော့လွဲနေသည်လို့ယိုရှီခံစားမိပေမဲ့
မပြောချင်သည့်အကြောင်းအရာကို
တော့သူလဲထူးထွေမမေးမိတော့။
တကယ်ဆိုယိုရှီအတွက်ကအားလုံး
ကအခုမှသိတဲ့လူတွေလိုပင်။"ယိုရှီ...သွားရအောင်"
သူ့ကိုလှမ်းခေါ်ပြီးကားရှိရာစီသွားနေ
တဲ့ဂျောင်ဟွမ်ကိုကြည့်ရင်းတစ်ခုခု
ပြောဖို့ ယိုရှီပါးစပ်ဟလိုက်ပြီးမှအရှိန်
သတ်ကာမပြောဖြစ်လိုက်တော့။သူ့ထက်အကြီးကိုဘာလို့နာမည်ကြီး
ခေါ်နေတာလဲမသိဘူး။ဒီအိမ်ရောက်
ကတည်းကယိုရှီသတိထားမိပေမဲ့အား
လုံးကဒါနဲ့ပတ်သတ်ပြီးပုံမှန်အနေထား
လိုဖြစ်နေတော့ ယိုရှီမေးခွန်းထုတ်ဖို့
မကြိုစားမိတော့။"ကျစ်...အတိတ်မေ့တာကကားစီးရင်
ခါးပတ်တပ်ရမှာပါမေ့နေတာလား..."အတွေးထဲမြောနေရင်းဂျောင်ဟွမ်ရဲ့
ဆူပူသံကြားမှယိုရှီသတိဝင်လာတော့
သည်။"မဟုတ်..."
ယိုရှီစကားမဆုံးခင်မှာပဲဂျောင်ဟွမ်က
အနားတိုးလာပြီး စိတ်မရှည်စွာကိုယ်
တိုင်ခါးပတ်ကြိုးတပ်ပေးလာသည်။
အနားကိုကပ်လာတဲ့ဂျောင်ဟွမ်စီကနေ
ရနေတဲ့ခပ်သင်းသင်းအနံ့လေးကယိုရှီ
နှာခေါင်းထဲကိုတိုးဝင်လာတာကြောင့်
အသက်ရှူအောင့်ထားလိုက်မိသည်။
ရုတ်တရက်ခံစားလိုက်ရတဲ့ထူးထူးခြား
ခြားခံစားချက်ကြောင့်ယိုရှီကိုယ့်ရင်
ဘက်ကို အသာဖိထားလိုက်သည်။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖