"ဒီတစ်ခါရှယ်ယာဝယ်တာအဆင်
ပြေရဲ့လားဂျောင်ဝူး"ဂျောင်ဟွမ်လက်ထဲကစာရင်းတွေ
စစ်နေရင်းဆိုဖာပေါ်မှာဂိမ်းဆော့နေ
တဲ့ဂျောင်ဝူးကိုလှမ်းမေးလိုက်သည်။ဂျောင်ဟွမ် အန်ကယ်တို့မသိအောင်
လုပ်နေတဲ့စီးပွားရေးကငွေကြေးကစား
ခြင်းပင်။ ကံကောင်းတယ်လို့ပြော
ရမည် သူဂျယ်ဟော့စီကငွေလှည့်ပြီး
စကစားထဲကအခုထိတစ်ခါမှအရှုံး
မပေါ်သေး။သူ့ရဲ့လုပ်ငန်းကိုဂျောင်ဝူး
နဲ့ဂျယ်ဟော့ကလဲပါဝင်ကူညီပေးကြ
သည်။ ငွေနဲ့ဝယ်ခံရတယ်လို့အပြော
ခံခဲ့ရတဲ့သူမို့သူကအားလုံးရဲ့အထက်
မှာရှိနေနိုင်အောင်ကြိုးစားခဲ့သည်။
အခုတော့တကယ်လဲသူကအားလုံး
ရဲ့အထက်မှာပင်။ သူ့စီကနေရင်နှီး
မြှုပ်နှံမှုလိုချင်နေတဲ့သူတွေမှတန်းစီ
နေရသည်။ သူကိုယ်တိုင်ရှေ့မထွက်
ပဲလျို့ဝှက်နာမည်နှင့်သာလှုပ်ရှားခဲ့
သည်မို့ မင်္ဂလာပွဲကြောင့်သူအန်ကယ်
တို့အပေါ်လုပ်ခဲ့တာကို အန်ကယ်တို့
မသိခဲ့ခြင်းပင်။သူလဲတစ်သက်လုံး
ပြောဖို့စိတ်ကူးမရှိသလို ယိုရှီလဲတစ်
သက်လုံးအတိတ်မေ့နေဖို့သူမျှော်
လင့်သည်။"ငါကဘယ်သူလဲဂျောင်ဝူးပါကွ
ငါလုပ်ရင်ဘာမဆိုအဆင်ပြေတယ်"ကိုယ်ရည်သွေးကာ ဂိမ်းဆော့မပျက်
ပြောလာတဲ့သူငယ်ချင်းကိုဂျောင်ဟွမ်
ဘာမှပြန်မတုံ့ပြန်မိတော့။ သူဂျောင်ဝူး
ကိုယုံပါသည်။"ဒါနဲ့မင်းရဲ့ဟိုဟာနဲ့အဆင်ပြေပြီလား"
ထိုအခါမှဂျောင်ဝူးကဂိမ်းဆော့နေတာ
ကိုတန်းရပ်ပစ်ပြီး ထထိုင်လိုက်ကာ..."ပြေပါတယ် သူကလေလူလေး
တင်မဟုတ်ဘူးအသံလေးကလဲချစ်
စရာလေးကွာ"ဂျောင်ဝူးသဘောကျနေတဲ့သူကိုသူတို့
မမြင်ဖူးပေမဲ့အလွတ်တောင်ရချင်နေ
ပြီ။ တစ်နေ့တစ်နေ့ချီးကျူးခန်းဖွင့်
နေတာက ဂျောင်ဟွမ်နဲ့ဂျယ်ဟော့မှာ
နားထဲဂွမ်းဆို့ရလောက်သည်။"တော် ငါကအဆင်ပြေလားပဲမေးတာ
အပိုတွေမဖြေနဲ့"ဂျောင်ဟွမ်ပြောလိုက်မှဆူပုတ်ကာ
ဆိုဖာပေါ်ပြန်လှဲချပြီးဂိမ်းဆက်
ဆော့တော့သည်။
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖