ယိုရှီသတိရလာသည့်တိုင် ပါးပါးက
တော့ယခုချိန်ထိနိုးမလာသေးပေ။
အနည်းငယ်ပဲထိခိုက်တာမို့အသက်
အန္တရယ်မရှိဘူးဆိုပေမဲ့ယိုရှီစိတ်ထဲ
ကပူပန်မှုကတော့နည်းနည်းလေးမှ
လျော့ကျမသွားခဲ့။နိုးလာတဲ့အချိန်ကစပြီးဘာစကားတစ်ခွန်း
မှမပြောပဲငြိမ်သက်စွာထိုင်နေသူကြောင့်
ဂျောင်ဟွမ်စိတ်ထဲပူပန်လာရသည်။"ယိုရှီ..."
"ဟင်"
သတိလက်လွတ်ထူးလာပုံကတစ်ခုခု
ကိုသေချာတွေးတောရင်းနစ်မြောနေပုံပင်။ယိုင်နွဲ့ကာထိုင်နေသူကိုအသာထွေးပွေ့
လိုက်ပြီး လက်မောင်းများကိုတင်းတင်း
ဆုပ်ကိုင်လိုက်မိသည်။ ရင်ခွင်ထဲပါလာ
သူကလဲငြိမ်သက်နေပုံက ရုပ်ထုအလား
ပင်။"ဂျောင်ဟွမ်..."
အချိန်တစ်ခုအကြာမှသူ့နာမည်ကိုခေါ်
ဆိုလာတာမို့ ဂျောင်ဟွမ်ခေါင်းငြိမ့်အသိ
မှတ်ပြုရင်း..."ခင်ဗျား အရမ်းစိတ်မပူပါနဲ့အန်ကယ်
ကအဆင်ပြေသွားပါပြီ""ကိုယ်ပြောစရာရှိတယ်"
ဂျောင်ဟွမ်စကားမဆုံးခင်မှာပင်ယိုရှီ
ကဖြတ်ပြောလာပုံကအလောတကြီး..."အင်း...ပြောလေ"
"ကိုယ်အားလုံးမှတ်မိပြီ"
"..."
ယိုရှီစကားကြောင့်ဂျောင်ဟွမ်ခေါင်းထဲ
ဘာကိုမှသေသေချာချာတွေးမရတော့
အောင်ထုံထိုင်းသွားရသည်။သူ့ရှေ့က
လူကဘာကိုပြောချင်ပါသနည်း။
သူတွေးမိသောအရာများဖြစ်နေမည်လား။"ဟုတ်တယ် ကိုယ်မှတ်မိတာနည်းနည်း
ကြာပြီ"သူ့ကိုဖက်ထားတဲ့ဂျောင်ဟွမ်လက်တွေ
ပြေလျော့သွားတာနဲ့ယိုရှီအသာရုန်းထွက်
လိုက်ပြီးမှဆက်ပြောလိုက်သည်..."ဟုတ်တယ် ကိုယ်နဲ့မင်းနဲ့အကြောင်း
မင်းကိုယ့်ကိုသဘောမကျတာတွေ
ကိုယ်တို့ကြားကပြဿနာတွေအားလုံး
ကိုကိုယ်မှတ်မိပြီ"ယိုရှီခေါင်းကိုငုံ့ချလိုက်ပြီးကျတော့မည့်
မျက်ရည်တွေကိုဖုံးကွယ်လိုက်သည်။

YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖