ဒီနေ့အိမ်ထဲမှာယိုရှီတစ်ယောက်ထဲ
ရှိသည်မို့အတော်လေးပျင်းနေရသည်။
ပါးနဲ့မားကအလုပ်ကိစ္စနဲ့Chinaကိုခရီး
ထွက်သွားကြသည်။ဂျောင်ဟွမ်ကလဲ
ဆိုင်ကိစ္စတွေနှင့်မအားပေ။"သခင်လေး...ပန်းသီးရပြီ"
မင်ဝူသခင်လေးအရှေ့ကိုအခွံနွှာပြီး
သားပန်းသီးပန်းကန်လေးချပေးလိုက်
သည်။အရင်ကလိုသူသခင်လေးအနား
နေရမှာမကြောက်ရွံ့တော့။"မင်ဝူ.."
"ဗျာ"
"ထိုင်ဦး...မင်းကိုငါမေးစရာရှိတယ်"
သူ့ကိုထိုင်ရန်အတွက်ဘေးသို့တိုးကာ
ဆိုဖာပေါ်ကိုထိုင်ရန်ပုတ်ပြလာတာမို့
မင်ဝူထိတ်လန့်သွားရသည်။"ကျွန်တော်ဒီနားမှာထိုင်ပါ့မယ်"
ကြမ်းပြင်ပေါ်ထိုင်ချဖို့ပြင်နေတဲ့မင်ဝူ
ကိုယိုရှီအမြန်လှမ်းဆွဲလိုက်ပြီးသူ့ဘေး
နားမှာနေရာယူစေလိုက်သည်။"သခင်...သခင်လေး"
"ကဲနားငြီးတာကွာ...ငါမေးစရာရှိတယ်"
မင်ဝူသခင်လေးဘေးနားမှာခပ်ကုတ်
ကုတ်လေးထိုင်နေမိကာ သခင်လေးရဲ့
အမေးစကားကိုနားစွံ့နေမိသည်။"မင်းကိုမေးမယ်ငါကအတိတ်မေ့နေ
တာကွာ...ဒါပေမဲ့ဒီအိမ်ကငါ့နဲ့သက်
ဆိုင်တဲ့နေရာဆိုတာတော့ငါခံစားလို့
ရတယ်""ဟုတ်..."
"အဲ့လိုပဲမားတို့လေးလေးတို့မင်းတို့
ကိုမေးလိုက်တိုင်းငါ့ကိုပြောပြလာ
တဲ့ငါ့အကြောင်းတွေမှာတစ်ခုခုထိန်
ချန်ထားငါခံစားမိတယ်"သခင်လေးရဲ့စကားကြောင့်မင်ဝူ
အသက်ရှူပင်အောင့်ထားမိလျက်
သား။သခင်လေးကသူ့ကိုစူးစူးစိုက်
စိုက်ကြည့်နေပြီး သခင်လေးအကြည့်
တွေကသူ့ကိုသေချာပေါက်ပြောပြဖို့
အမိန့်ပေးနေသလို။"မင်ဝူ..."
သခင်လေးအသံကလွန်စွာအေးစက်
နေသည်။မက်ဝူကြောက်လွန်းလို့ဒူး
ပါတုန်လာရသည်။"ဟို...အစ်ကိုလေးနဲ့သခင်လေးမင်္ဂလာ
ကိစ္စကိုမပြောဖို့သခင်ကြီးကမှာထား
တယ်!.."
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖