ဂျောင်ဟွမ်လက်ရှိသူ့ရဲ့ဇယားလေးနှင့်
ဈေးဝယ်ထွက်နေရခြင်းပင်။ဂျောင်ဟွမ်
ကရည်းစားတွေအများကြီးထားတတ်
ပေမဲ့တစ်ယောက်ကိုတော့အနည်းဆုံး
တစ်လလောက်တော့တွဲတတ်ပါသည်။
အစပိုင်းမှာတော့အာလုံးကအဆင်ပြေ
ကြပြီးတဖြေးဖြေးအချိန်ကြာလာရင်
သူတို့ကဂျောင်ဟွမ်ကိုသူတို့အပိုင်လို
ချုပ်ချယ်တာတွေရန်ရှာတာတွေလုပ်
လာတဲ့အခါကျရင်တော့ဂျောင်ဟွမ်
ကပဲလမ်းစခွဲရတော့သည်။အဲ့လိုတစ်
ဖက်သက်ဆန်တဲ့ရန်ရှာမှုတွေမလုပ်သ
၍တော့ဂျောင်ဟွမ်အဆင်ပြေပြေတွဲ
တတ်ပါသည်။"ကိုကို...ဒါယူမယ်"
နောက်ဆုံးပေါ်ဒီဇိုင်းအသစ်အိတ်ကို
ပူဆာလာသူကြောင့်ဂျောင်ဟွမ်ခေါင်း
ငြိမ့်ပြလိုက်ပြီးဒီအချိန်အမြန်ကုန်
သွားရန်ဆုတောင်းနေမိသည်။ဒီတစ်ခါ
ရည်းစားထားတာသူလုံးဝစိတ်မပါ
တော့တစ်ပါတ်တောင်မရှိသေတဲ့သူမ
နှင့်လမ်းခွဲလိုက်ချင်နေပြီ။ခက်တာက
သူသတ်မှတ်ထားတဲ့စည်းမျဉ်းတွေ
နဲ့သူမရဲ့လုပ်ရပ်တွေကမငြိသေး။"ဟီးး...လှလား"
အိတ်ကိုလွယ်ကာကိုယ်ကိုတစ်ပတ်
လှည့်ပြလာသူကိုကြည့်ပြီးဂျောင်ဟွမ်
ပြုံးပြကာခေါင်းငြိမ့်ပြလိုက်တော့
သဘောတကျရယ်မောနေတဲ့လက်ရှိ
ရည်းစားလေးကိုကြည့်ရင်း ဘယ်လို
လမ်းခွဲစကားပြောရမလဲဂျောင်ဟွမ်
တွေးတောနေမိသည်။အိတ်အတွက်ပိုက်ဆံရှင်းပြီးဆိုင်ထဲ
ကထွက်လာခဲ့ကြသည်။ဂျောင်ဟွမ်
လက်မောင်းကိုခိုတွဲထားပြီးနောက်
တစ်ဆိုင်ကူးဖို့ပြင်နေသူကြောင့်
ဂျောင်ဟွမ် အိမ်ပြန်ချစ်စိတ်ကိုထိန်း
ထားရသည်။ထိုစဉ်ကယ်တင်ရှင်လိုအိတ်ကပ်ထဲက
ထမြည်လာတဲ့ဖုန်းကြောင့်အလော
တကြီးကြည့်လိုက်တော့ ငပေါလေး
လို့မှတ်ထားတဲ့contactကြောင့်
ဂျောင်ဟွမ်သိသိသာသာပြုံးမိသွား
သည်။"ဟယ်လို"
သတိထားနားထောင်မည်ဆိုလျှင်
ဂျောင်ဟွမ်အသံကအစမြူးနေ
တာကိုသိရပါလိမ့်မည်။'ဂျောင်ဟွမ် ပြန်လာရင်လေဈေး
ဝယ်ခဲ့ပေးဦး'"အင်း"
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖