ဆိုဖာခုံကိုမှီထားရင်းယိုရှီပျင်းရိစွာ
ထိုင်နေရသည်။ဂျောင်ဟွမ်ကအလုပ်
ကိုအာရုံစိုက်နေပြီးသူ့ကိုလှည့်ပင်
မကြည့်တော့။ အဲ့ဒါများသူ့ကိုဆိုင်
ခေါ်လာသေးတယ်။"ဟင်းးး"
ပျင်းလာတဲ့စိတ်ကိုထိန်းမရတဲ့အဆုံး
လေပူတစ်ချို့မှုတ်ထုတ်လိုက်သည့်
အသံကကျယ်လောင်စွာထွက်ပေါ်လာ
တော့သည်။"ဘာဖြစ်လို့လဲ ပျင်းနေပြီလား"
ထိုအခါမှယိုရှီစီကိုအကြည့်ပို့လာကာ
မေးလာသူကြောင့် တက်ကြွစွာခေါင်း
ငြိမ့်ပြမိတော့သည်။"အင်း...ငါပျင်းနေပြီ ပြန်လို့ရလား"
ဂျောင်ဟွမ် ယိုရှီကိုအနည်းငယ်သနား
မိသွားသည်။ သူကလဲအလုပ်ကမပြတ်
သေးတော့အချိန်ပေးမရသေး။"အိမ်တော့မပြန်နဲ့ ဆိုင်မှာတစ်ခုခုစား
လေအရှေ့ထွက်ပြီး ကျွန်တော်ခနနေ
လာခဲ့မယ်""တကယ်လား"
တက်ကြွစွာမေးလာပုံကဘယ်ချိန်ထဲ
ကထွက်သွားချင်နေလဲမသိ။"အင်း"
ဂျောင်ဟွမ်ခေါင်းငြိမ့်ပြလိုက်တာနဲ့
ဘာစကားမှတောင်ပြန်မပြောတော့ပဲ
ထွက်သွားတဲ့သူကြောင့်ခေါင်းခါရင်း
ပြုံးလိုက်မိသည်။"ငပေါလေး..."
.........................…..
ယိုရှီဂျောင်ဟွမ်ဆိုင်မှာဘာတစ်ခုမှ
မစားချင်တာမို့လမ်းမျက်နှာချင်းဆိုင်
ကရေခဲမုန့်ဆိုင်ကိုသာထွက်ခဲ့လိုက်
သည်။ အားလုံးကသူ့အလုပ်နဲ့သူမို့
အသာလေးလစ်ထွက်ဖို့လွယ်လှသည်။ရေခဲမုန့်လေးတန်းစီဝယ်ပြီး ချောက
လက်အရသာရေခဲမုန့်လေးတစ်ခုကို
ကိုင်ပြီးဆိုင်ထဲကထွက်လာခဲ့လိုက်
သည်။ လမ်းတစ်ဖက်ကိုပြန်မကူးခင်
ခနရပ်စောင့်နေစဉ် သူ့လက်ကိုလာဆွဲ
တဲ့လူတစ်ယောက်..."အ..."
လက်ထဲကရေခဲမုန့်လေးပြုတ်မကျ
အောင်ထိန်းကိုင်ထားလိုက်ပြီး ထိုလူ
ကိုအံ့ဩတကြီးကြည့်မိတော့..."မင်း ငါ့တူကိုဝယ်သွားတဲ့ကောင်
မလား အတိတ်မေ့နေတယ်ဆို
ငါ့ကိုပိုက်ဆံထပ်ပေးစမ်း!!...."
YOU ARE READING
IMBALANCE
Fanfictionyoshihwan ငါးပုဒ်မြှောက်ယိုရှီဟွမ်လေးပါ💗 ရှေ့ကလေးပုဒ်နဲ့မတူအောင်ကြိုးစား ရေးကြည့်မလို့ပါရှင့် သဘောကျမယ် လို့မျှော်လင့်ပါတယ်💖