Part-16

58 15 9
                                    

နေ့တစ်ဝက်ကိုကြာရှည်စွာဖြတ်ကျော်
ပြီးနောက်ယိုရှီကသတိရလာခဲ့သည်။
ထိုသို့သတိရလာခဲ့ပေမဲ့ဂျောင်ဟွမ်မှာ
နောက်ထပ်စိတ်ပူစရာတစ်ခုတိုးလာ
ခဲ့သည်။ ထိုအရာကနိုးလာတဲ့အချိန်
ကနေအခုအချိန်အထိယိုရှီကဘာ
စကားမျှမပြောသေးပေ။

အန်တီကောအန်ကယ်ကောကဝမ်းနည်း
စွာဘာမျှမတတ်နိုင်တဲ့အဆုံးအခန်း
အပြင်ထွက်သွားကြတော့သည်။

ဂျောင်ဟွမ်ကတော့ယိုရှီလက်ကိုကျစ်
နေအောင်ဆုပ်ကိုင်ထားပြီး ထိုလူရဲ့
မျက်နှာကိုစူးစိုက်ကြည့်ရင်းမျက်နှာ
အပြောင်းလဲကိုလိုက်ဖတ်နေခဲ့ပေမဲ့
အမူအရာကကင်းမဲ့လျက်။

"ယိုရှီ ခင်ဗျားဘာဖြစ်နေတာလဲ
အန်တီတို့စိတ်ပူနေကြပြီစကားပြော
ပါဦး စကားမပြောရင်တောင်ခေါင်း
ငြိမ့်ခေါင်းခါတော့လုပ်ပြနော်"

ဂျောင်ဟွမ်ဘေးကနေတတွတ်တွတ်ပြော
နေမိသည်။သူစိုးရိမ်သည် ယိုရှီအတိတ်
ကိုသတိရသွားမှာကိုသူအဆင်သင့်မဖြစ်
‌သေးဘူး။ သူ့ကိုအချိန်နည်းနည်းထပ်ပေး
စေချင်သေးတယ်။

ဂျောင်ဟွမ်အတွေးတွေရောက်ယက်ခက်
နေတုန်းမှာပဲ ယိုရှီရဲ့တစ်ဖက်ကိုလှည့်
ထားတဲ့ခေါင်းကတဖြေးဖြေးလှည့်လာ
တာမို့ ဂျောင်ဟွမ်ရင်တထိတ်ထတ်နဲ့
ယိုရှီပြောလာမှာကိုစောင့်မျှော်နေမိသည်။
အနည်းငယ်ဖွင့်ဟလိုက်တဲ့နှုတ်ခမ်းပါး
နဲ့အတူ...

"ဂျောင်ဟွမ်"

"ဟင်...ပြော ပြောနော်ခင်ဗျားဘာဖြစ်
ချင်လဲ"

သူ့လက်ထဲကလက်လေးကိုပိုတင်းကြပ်
စွာဆုပ်ကိုင်လိုက်ပြီးမေးလိုက်သည်။

"ငါကြောက်တယ်"

ယိုရှီကခေါင်းကိုငုံ့ချလိုက်ပြီးရေရွတ်
လာသည်။

"ဘာကိုလဲ...ဘာကိုလဲဟင်"

ကြည့်ရတာနေ့လည်ကကိစ္စကိုထိတ်
လန့်သွားပုံပင်။ ဂျောင်ဟွမ်ခုံ‌ပေါ်ထိုင်
နေရာ‌ကနေကုတင်ပေါ်ရွေ့ထိုင်လိုက်
ပြီး ယိုရှီကိုယ်လေးကိုထွေးပွေ့ကာ
နှစ်သိမ့်ဖို့စကားချီလိုက်သည်။

"ဘာနေနေမကြောက်ပါနဲ့ ကျွန်တော်
နားမှာရှိနေသ၍ခင်ဗျားစီကိုဘာအန္တ
ရယ်မှမရောက်လာစေရဘူး..."

IMBALANCEWhere stories live. Discover now