Intro

257 4 0
                                    

"ပန်းချင်းအတူတူတောင် အနံ့မပါရှိတဲ့
တောရိုင်းနေကြာပွင့်လေးလိုမျိုး
မောင်ဟာ လူသားတစ်ယောက်ဖြစ်ပါလျက်
အတ္တတွေကင်းစင်ခဲ့တယ်"

"တောရိုင်းနေကြာရဲ့အလှကိုပေါ်လွင်အာင်
တန်ဆာဆင်ထားတဲ့ အကိုင်း၊ရိုးညှာ၊အဖူးအငုံတွေ
မှာတော့ ညစ်ထေ့ထေ့အနံ့တွေနဲ့ ဝန်းရံထားသလို
မောင်ဟူသောလူသားကိုတော့
ညှီစို့စို့သွေးအနံ့တွေက ခြံရံနေခဲ့တယ်"

"နှင်းသတ်လို့သေတဲ့အထဲ တောရိုင်းနေကြာ
မပါခဲ့တာ ဆောင်းရာသီမှာ
ဖူးပွင့်တဲ့အမျိုးမလို့လား။ ဟုတ်မှာပါ။
ရိုင်းရှင်းတဲ့ဖြစ်စဥ်တစ်ခုပါပဲ"

"မောင်ကပြောတယ် ရိုးရှင်းလွန်းတဲ့လောကတဲ့
နေကြာရိုင်းအပင်ရှိနေလို့ ဝင်းဝါနေတဲ့
နေကြာရိုင်းပန်းလေးတွေ ပွင့်နေတာပါတဲ့"

"မောင့်ကိုတော့ဖြင့်မေးချင်မိပါရဲ့။
အသွားအပြန်ရှိတဲ့ခရီးတစ်ခုလို ၊
ဒီအပင်ရှိနေလို့ ဒီပန်းပွင့်နေသလို ၊
ရိုးရှင်းလွန်းတဲ့ ဒီလောကမှာ....... မောင်"

"ငါချစ်ခဲ့သလို မောင်ရောချစ်ခဲ့ပါသလားလို့
မဝင့်မရဲလေးမေးချင်မိပါတယ်"

-ဒီဇာတ်လမ်းရဲ့ plotကိုစဥ်းစားမိခဲ့တဲ့အချိန်
တစ်ပြိုင်တည်းမှာပဲ
ကျွန်မက မောင့်ရဲ့ဇာတ်သိမ်းလေးကိုတွေးမိခဲ့ပါတယ်။

-ရေးနေစဥ်လေးမှာ မောင်နဲ့သိပ်တူတဲ့
တောရိုင်းနေကြာတွေက ဝေဝေဆာဆာဖူးပွင့်နေခဲ့ပြီ။

-မောင့်ရဲ့ဇာတ်သိမ်းဟာ စာဖတ်သူတွေဖို့
Happy ဖြစ်စေ ၊ sadဖြစ်စေပေါ့နော်
ကျွန်မကတော့ မောင့်ဇာတ်သိမ်းလေးကို
ပြောင်းဖို့အစီအစဥ်မရှိပါဘူး။

-စာရေးသူတစ်ယောက်က ကိုယ့်ရဲ့ဇာတ်ကောင်ကို
ဘယ်လောက်မြတ်နိုးကြတယ်ဆိုတာ
မြတ္ထိရေးမိတဲ့အချိန်မှာနားလည်ခဲ့ပါပြီ။

-မောင့်ကိုမြတ်နိုးမိသွားတဲ့ကျွန်မက
မောင်နဲ့သိပ်တူတဲ့ တောရိုင်းနေကြာတွေကို
သိပ်ကိုမြတ်နိုးမိပါရဲ့။

ကျွန်မလိုမျိုး မြတ္ထိဆိုတဲ့ဇာတ်ကောင်လေးကို
စာဖတ်သူတွေမြတ်နိူးမိစေချင်ပါတယ်။
သဘောကျစေချင်ပါတယ်။
အဲ့လိုဖြစ်အောင်လဲ ရေးဖို့တွေးထားပါတယ်။
အကောင်းဆုံးဖြစ်အောင်ရေးချင်မိတာမို့
ဝေဖန်ပေးကြဖို့မျှော်လင့်မိပါတယ်ရှင့်။

မြတ္ထိWhere stories live. Discover now