Chapter-15(unicode)

9 0 0
                                    

"မင်းတို့ cosplay လုပ်ရမယ်"

"ဟမ်!!"×2

"ဟမ်မနေနဲ့ mission အတွက်လုပ်ကိုလုပ်ရမယ်"

Joralin ၏စကားကြောင့် နှစ်ကောင်လုံး၏မျက်နှာမှာ
ရှူံမဲ့နေကာ စိတ်ပျက်လက်ပျက်ဖြစ်နေကြလေသည်။

"ပြန်မဖြေတော့ တို့လက်ခံတယ်လို့ပဲ
ယူဆလိုက်မယ်နော်"

အဖြေစကားအားမစောင့်ပါဘဲ
make- up ဆရာစီ ထိုနှစ်ယောက်အားပြင်ဆင်ပေးရန်
စာပို့လိုက်သည်။

"body အရတော့ BRum မင်းက
မိန်းကလေးလုပ်လိုက်"

"ဘာကြီး မဟုတ်သေးပါဘူး ဘယ်လို "

ကြောင်တောင်တောင်ဖြေဆိုလာပုံက
Joralin၏စကားအား လိုက်မမှီလိုက်ခြင်းကြောင့်သာ။

"ဟုတ်တယ်"

"Ruthပြောတာအမှန်ပဲ BRum တို့သေချာရွေးထားတာ
မင်းသာဆို မိန်းကလေးပုံစံနဲ့သိပ်လိုက်မှာလို့လေ"

"မဒမ် မညစ်သင့်ဘူးလေ တကယ်ဆို Ruthကပိုသင့်တော်
တယ်လေ အသားလည်းဖြူ ၊ မျက်တောင်ရှည်ရှည် ၊
မေးရိုးသွယ်သွယ်နဲ့ "

"ဟမ့်"
Ruth ဆီမှအသံထွက်လာခြင်းဖြစ်တာကြောင့်
BRum အံကြိတ်ကာ လက်ညှိုးငေါက်ငေါက်ထိုးလို့
အသံတိတ် ကျိန်ဆဲနေလိုက်သည်။

"တို့ပြောတယ်လေ body အရပါလို့"

BRum မျက်စောင်းခဲလိုက်ကာ
တစ်ဖက်တွင်ထိုင်နေတဲ့ Ruth၏bodyအားအကဲခတ်ကြည့်
တော့ ဟုတ်သည်။ သူ့ထက်ပိုကျယ်တဲ့ပခုံး ၊
ပိုတောင့်ပိုဖြောင့်တဲ့ခန္ဓာနဲ့ အဆိုးဆုံးက လူမဟုတ်တဲ့အရပ်။

*မိန်းကလေးတစ်ယောက်က ဒီလိုသစ်ကုလားအုတ်ကောင်နဲ့
မလိုက်ဖက်တာတော့ အမှန်ပဲ ဒါပေမယ့် ငါလည်း
လိုက်ပါ့မလား*

"မင်းဆိုင်လူစည်တာပေါ့"
မျက်ခုံးပင့်ပြီး ထွက်သွားတဲ့သူကြောင့်

"ကြည့်နေလိုက် ငါ့ရဲ့မိန်းမဆန်တဲ့အလှမှာမင်း ကြွေဆင်း
သွားစေရမယ်"

BRum အသံကျယ်ကျယ်ပြောလိုက်ကာ
အသံထွက်အောင် ဟွန်းကနဲ လေမှုတ်ထုတ်လိုက်လေသည်။

"ဘုရားလေးဆူပြိုင်ပွင့်လို့ ဖင်ပူးထောင်ဆုတောင်းတောင်
ယောင်လို့စွေမကြည့်ဘူး ဟမ့်!!"

မြတ္ထိWhere stories live. Discover now