Chapter-1 (unicode)🚨🚨

106 4 1
                                    

သန်းခေါင်ယံအချိန်ဖြစ်တာကြောင့်
အမှောင်ထုကရိပ်ခိုနေပြီး
တဖြောက်ဖြောက်ကျနေသော
မိုးရေစက်အသံများမှာ တိတ်ဆိတ်နေသော
ရပ်ဝန်းအတွင်းကြီးစိုးလျက်သာ။

"Una....mattina..
mi sono alzato
o.... bella ciao
bella ciao
bella.....Ciao Ciao Ciao"

မိုးသံတဖြောက်ဖြောက်နဲ့ ကြောက်မက်စရာကောင်းလှသော
အဆောက်အဦးပျက် အအိုအဟောင်းကြီးအတွင်းမှ

မိုးသံနဲ့အပြိုင် ဖြည်းဖြည်းချင်းရွတ်ဆိုနေတဲ့ အသံသြသြမှာ
မှိုင်း၏ခြေလက်တွေအေးစက်ပြီး
ခန္ဓာတစ်ခုလုံး ကြက်သီးမွှေးညှင်းထစေကာ
တုန်တက်သွားစေသည် အထိ သည်းထိပ်စရာကောင်းလှသည်
ဆိုသည်မှာ ယုံမှားဖွယ်မရှိပေ။

"Una mattina
mi sono alzato
E ho trovato I'lnvasor
O partigiano
Portami via
O bella ciao
bella ciao
Bella Ciao Ciao Ciao
O partigiano
Portami via
Che mi sento......"

မှိုင်း မောင့်၏အသံကအဝေးမှာဖြစ်တာကြောင့်
တံတွေးမြိုချလိုက်ပြီး ကိုယ်ကို ပို၍ကျုံကာ
မှောင်ရိပ်ခိုရန် အရိပ်ပိုကျသောနေရာဘက်သို့
ရွေ့မည်အလုပ်

"di morir"
အခုထိလည်း အသံကအဝေးတစ်နေရာမှ
ကြားနေရသေးတာကြောင့် မှိုင်းအသက်သက်ဝဝရှူလိုက်ကာ
ကြောက်ရွံ့နေသောစိတ်အား အနည်းငယ်
ဖြေလျော့မိချိန်

"ခင်ဗျားကို....ဘယ်သူသင်ပေးလိုက်တာလဲ"

"ဘာ....ကိုလဲ....မောင်...."
အဝေးမှာကြားနေရတဲ့အသံက စက္ကန့်တောင်မခြားသေး
မှိုင်းရှေ့တည့်တည့်မတ်မတ်ရောက်လာတဲ့မောင်က
တကယ့်ကို....assassinတစ်ယောက်

"ကျုပ်လက်ကနေ လွတ်အောင်ပုန်းနိုင်မယ်လို့လေ....."

"မ...မဟုတ်....ငါ....မောင်...လက်ကနေလွတ်မယ်လို့...
မတွေးမိပါဘူး..."

ကြောက်လန့်မှု၊မောင့်ကိုမြင်လိုက်ရတာကြောင့်
ပူပင်မှုလျော့သွားတာကာ
အသံတွေတုန်ရီပြီး
မျက်ရည်တွေ တစိမ့်စိမ့်ကျလာတော့
မောင်ကချက်ချင်းဆိုသလို တည်သွားလေသည်။

"စောမှိုင်းဟွမ်!!!"

"ဟု...ဟုတ်...ငါ...ငါ"

"ဒီပွဲက ဘယ်သူစိမ်ခေါ်လိုက်လို့ ဘယ်ကောင်က
ဝင်ကစားနေရတယ်ထင်လဲ"

မြတ္ထိWhere stories live. Discover now