Chapter-9(unicode)

8 0 0
                                    

"အော် လောကကြီးက Leader 1 တောင်
ကိုယ်ရံတော် လုပ်ရပါ့လား အင်း"

လောကီရေးရာအား သံဝေဂရသလိုလို
မျက်လုံးမှိတ်ကာခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေတဲ့သူကြောင့်

Ruth ရှေ့တွင်ရပ်နေသော
BRumအား မျက်လုံးတွေမှေးစင်းကာကြည့်လိုက်ပြီး

"ကျက်သရေကို မရှိဘူး"

"အော် ငါ့ညီရယ် ကြက်ပါဆို ဘယ်သွားရည်ရှိပါ့မလဲ"

"မင်းအမျိုးအကြောင်း မင်းပဲသိမှာလေ"

"အိုးဟိုး ငါကိုကြက်နဲ့ နှိုင်းလဲ ဂရုစိုက်မနေဘူး ဟွန်း"

"ရော့"
Ruth လက်ထဲမှ သော့တစ်ချောင်းအား
BRum လက်ထဲသို့ ပစ်ထည့်ပေးလိုက်လေသည်။

"ဒါ...ဘာသော့လဲ "

"......"

"ငါ့ညီလေး မှန်မှန်ပြောနော် မင်းငါ့အတွက်
မွေးနေ့လက်ဆောင်ပေးတာမလား ဟုတ်တယ်မလား"

ကျစ့်
ကျစ်စုတ်သတ်ပြီး ထွက်သွားတဲ့သူအား
BRum ပြုံးတုံ့တုံ့လေးကြည့်လိုက်ကာ

"ငါ့ညီလေးက အစ်ကို့ကို ရှက်နေတာပဲ "
BRum meeting ပြီးမှ လက်ဆောင်သွားကြည့်ဖို့တွေး
ထားလိုက်လေသည်။

BRum အခန်းတွင်းသို့ ဝင်သွားပြီး
သိပ်မကြာခင် အချိန်လေးတွင်
meeting အားစတင်လေပြီဖြစ်သည်။

ထို meeting တွင် Ruth က အပစ်ဒဏ်ကြောင့်
မည်သည့် mission လက်ခံမရရှိပေမယ့်
BRum ကတော့ မာဖီးယားဂိုဏ်းတစ်ခုအား
ရှင်းပစ်ရန် တာဝန်လက်ခံရရှိလေသည်။

"Ruth ငါသွားတော့မယ်"
meeting ထဲ BRum စိတ်မပါပေမယ့်
အခု meeting ပြီးသွားပြီဖြစ်သည်။
ကိုယ့်ညီလေး ပေးထားသောအခန်းအား
ကြည့်ချင်စိတ်မှာ လောနေတာကြောင့်
Ruthအား နှုတ်ဆက်ကာထွက်လာလိုက်တော့သည်။

အပြေးကလေးထွက်သွားသူအား
Ruth မျက်နှာထက်အမည်ဖော်မရသော
အပြုံးတစ်ခုနှင့်စိုက်ကြည့်နေလိုက်သည်။

"ငါပိုတော်လို့ ဂိုဏ်းချုပ်က ငါ့ကို
တာဝန်ပေးတာ မင်းကဘာတွေဝင်နာနေတာလဲဟမ်"

"မင်းကို ဘယ်သူမှတော်တယ်ပြောနေလို့
ဖင်လေမြောက်နေတာလဲ တာဝန်စရကာစရှိသေးတယ်
သိပ်ပြီး ဘဝင်မြင့်ချင်မနေနဲ့ ငါက ပိုတော်လို့
ဒီလိုအသေးအဖွဲ လေးကိုမခိုင်းတာ"

မြတ္ထိWhere stories live. Discover now