Chapter-8(unicode)

14 0 0
                                    

မှိုင်း သေနတ်ကြောက်လို့
မည်သည်မည်ဝါမှန်းမသိဘဲလိုက်လာရကာ
သူတစ်ခါမှ မရင်းနှီးသော
ဝန်းကျင်ဖြစ်တာကြောင့်
ထိုင်မရ ၊ ထမရ ဖြစ်နေလေသည်။

မိမိကိုခေါ်လာသော လူမှာလည်း
ဒီမှာနေခဲ့ဟုသာဆိုပြီး အပေါ်ထပ်တက်သွားတာ
အချိန်တွေ ကြာသွားပေမယ့်
အခုထိဆင်းမလာသေးတဲ့သူကြောင့်
မှိုင်းခင်ဗျာ အပေါ်ထပ်အားမော့ကြည့်လိုက်
ဘေးဝန်းကျင်တွေအားငေးလိုက်နှင့်
ကုလားအုတ် လည်လိမ်နေပြီပင်ဖြစ်သည်။

ချပ်

တံခါးဖွင့်သံကြောင့် မှိုင်း ချက်ချင်းဆိုသလို
ထရပ်မိတော့ ဝင်လာသူမှာ မိမိအား
ရှိသည်ဟုတောင်မထင်ပဲ စားပွဲပေါ်ရေဘူးတစ်ခု
တင်သွားကာ အပေါ်ထပ်သို့ ထပ်တက်သွားတဲ့သူကြောင့်
မှိုင်း လိုက်ချောင်းချင်စိတ်မှာ ကလိကလိ
ဖြစ်နေတော့သည်။

အပေါ်ထပ်မှ တံခါးပိတ်သံကြားရတာကြောင့်
အချိန်အားခဏလေးစောင့်လိုက်ပြီး
မှိုင်းအပေါ်ထပ်အား
ဖြည်းဖြည်းချင်း တက်လာလိုက်ပြီး
အခန်း၏ နံဘေး၌ တိတ်တိတ်ကလေး
ချောင်းနားထောင်နေလိုက်သည်။

"Ruth"

"အောက်ကလူက mission ချိုးဖောက်မှုရဲ့
အပြစ်ဒဏ်လား"

"ဘယ်လိုထင်လဲ"

မှိုင်း ထိုလူချော၏ အသံအား
နားထောင်ဖူးသည်ဆိုပေမယ့် သိပ်ဆွဲဆောင်အား
ကောင်းလွန်းတဲ့ အသံက ယခုလို ခိုးနားထောင်ရချိန်မှာတောင်
စွဲမက်စရာကောင်းသည်ကိုတော့
မှိုင်းလက်ခံမိပါသည်။

'စွဲမက်စရာအသံဆိုပေမယ့် တကယ်ကြောက်စရာကြီး'

"တကယ်လို့ အဲဲ့ဒီလူကသာ အပြစ်ဒဏ်ဆိုရင်
ကျွန်တော်ပဲ ကိုယ်ရံတော် အနေနဲ့ စောင့်ရှောက်ပေးပါ့မယ်"
ဟူသော ထူးထူးဆန်းဆန်း စကားကြောင့်
မှိုင်းခေါင်းအား အသံထွက်အောင်
ကုတ်လိုက်ကာ

'ဒီလူက ကိုယ်ရံတော် ပြီးတော့
ငါ့ကို စောင့်ရှောက်ရမှာ ဘာကိုဆိုလိုတာလဲ'

"mission ချိုးဖောက်တာ မင်းလား ၊ ငါလား"

"ကျွန်တော်ပါ"

"ဘာလို့ မင်းလဲ"

"Ruthသာ ကျွန်တော့် အားနည်းချက်ကြောင့်
မဟုတ်ရင်"

မြတ္ထိWhere stories live. Discover now