Chapter-7(unicode)

11 0 0
                                    

ရာပြည့်ငြိမ်းတည် ၁၈ နှစ်ပြည့်ခဲ့ပြီ။
လူငယ်ထိန်းသိမ်းရေးကျောင်းတွင် နေခဲ့တဲ့ကာလ
တစ်လျှောက် အထက်လူကြီးတွေ၏
ပြောစကားအရ ညီမငယ်ဟာ ကျန်းကျန်းမာမာ
ရှိနေပါတယ်ဆိုတဲ့စကားနဲ့ ဖြေသိမ့်နေရသည်။

ငြိမ်းတည်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့
ညီမငယ်လေးဟာ သူ့အားလာရောက်တွေ့ဆုံခြင်း
မရှိတာကို စာတွေနဲ့ မအားလပ်လို့ပါလို့တွေးမိပေမယ့်

မိမိနဲ့ရွယ်တူကလေးများ သူတို့မိဘတွေ မိသားစုတွေလာရောက်တွေ့ဆုံပါတယ်ဆိုတဲ့ ကြွားဝါဝါစကားသံလေးများ
ကြားရင် ငြိမ်းတည် ရင်ထဲလုံးဝ မချိ။

ညီမငယ်လေးကိုလွမ်းပါသည်။
မိမိထက်၂နှစ်သာငယ်တဲ့ ညီမလေးက သူ့ရဲ့ခင်တွယ်ရာ။
ဝမ်းနည်းမိတဲ့အခါ ငိုကြွေးလိုက်ပြီး
မှန်ရှေ့ရပ်ကာကိုယ့်ပုံရိပ်ကိုကြည့်ရင်း
တခဏတာ ရင်ဖွင့်ရင်း နာကျင်စရာတွေအား
အဝပြောကာ စိတ်​ဖြေလျော့လိုက်ပြီး
ဒီနေရာကလွတ်ရင် ညီမငယ်အား
သက်သောင့်သက်သာ ဘဝမှာ နေရစေရန်
computer အားတစ်ဖက်ကမ်းကျွမ်းကျင်အောင်
သင်ယူရင်း ကိုယ်ခံပညာကိုပါ သင်ယူခဲ့လေသည်။

ဒီနေ့ သူ လူငယ်ထိန်းသိမ်းရေးကျောင်းမှ
ထွက်ခွင့်ရခဲ့ပြီ။

ငြိမ်းတည် အမြဲအမှတ်ရနေသော လမ်းလေးအား
အပြေးသွားရင်း ပြောင်းလဲသွားတဲ့ပတ်ဝန်းကျင်ကြောင့်
တစ်ခဏတာ ကြောင်အမိသွားလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏အိမ်နှင့်မနီးမဝေး
တစ်နေရာတွင် Loader များ ကရိုဏ်းကားများရှိနေပြီး
ဆောက်လုပ်ရေးအတွက် ပြင်ဆင်နေကြပုံ။

ငြိမ်းတည် ပူပင်လာသောစိတ်အားထိန်းလိုက်ကာ
အနီးအနားမှာရှိနေသော ဦးလေးတစ်ယောက်အနား
သွားလိုက်ပြီး

"ဦးလေး အခု ဒီမှာ ဘာလုပ်နေတာလဲ"

"အော် စက်ရုံ စီမံကိန်းတစ်ခုရှိလို့လေ"

"အဲ့တာဆို ဒီနယ်မြေက လူတွေကရော"

"အော် ဟိုဘက်ပိုင်းက လူတွေကတော့ပြောင်းရွေ့သွား
ကြပြီကွဲ့ အခု ဟိုဘက်နားက အိမ်ခြေတွေကိုမြင်လား"

မြတ္ထိWhere stories live. Discover now