Chapter-3(unicode)

21 1 0
                                    

"မဒမ်"

"သာဒူး ဘာကိစ္စလဲ"

"ကျုပ် Ruth ရဲ့ဆရာ မဖြစ်ပေးနိုင်တော့ဘူး"
သာဒူး၏စကားကြောင့် Joralin
မျက်မှောက်ကုတ်လိုက်ကာ
ပြောနေသည့်သူအားကြည့်လိုက်တော့

wheelchair ပေါ်တွင် ထိုင်နေကာ
ခေါင်းထက်တွင် သွေးတစ်ချို့ယိုစိမ့်နေလေပြီ။

"Ruth အဖွဲ့အစည်းထဲဝင်တဲ့အထိ မစောင့်နိုင်ဘူးလား"

"မဒမ် ကျုပ်မသေချင်သေးဘူး"

"တို့ ပိုက်ဆံပိုပေး"

"အဲ့စကားအစား ကူးတို့ခနဲ့ ခေါင်းတလားကြေး
စရန်ချပေးမယ်လို့ပြောရင်
ပိုမမှန်ဘူးလား မဒမ်"

သာဒူးမှာ လက်မရွံ့ထိပ်တန်းကြေးစားဆိုစေအုံးတော့
ထိုကောင်လေးကိုတော့ သူကြောက်ရပါသည်။

အေးစက်နေတဲ့ မျက်နှာထား ၊ ညှာတာမှုမရှိတဲ့
သတ်ဖြတ်ပုံတွေ ၊ ငိုယိုတောင်းပန်ရင်တောင်
ရေသေထက်တည်ငြိမ်နေတဲ့ အသက်မဲ့တဲ့
မျက်ဝန်းတွေက ရှူံးပွဲမရှိဖူးတဲ့ သာဒူးအတွက်တောင်
အသူရာချောက်နက်။

သာဒူး အခုလို wheelchair ပေါ်မှာထိုင်နေရတာက
၁၁နှစ်အရွယ်သာ ရှိသေးတဲ့
ကလေးတစ်ယောက်ကြောင့်ပေ။

အသက်ငယ်ငယ်လေးကတည်းက
သူလုပ်ခိုင်းတဲ့ဟာဆို ချက်ချင်းတုံ့ပြန်မှ
သဘောကျတဲ့ ကောင်လေးက

"ခင်ဗျားနဲ့တိုက်ချင်တယ်"ဟုသာဆိုသည်။
အင်း သာဒူး၏ ကလေးဟူသော
ညှာတာမှုအချို့ ဝင်ရောက်လာတာကြောင့်
ခေါင်းလေးတစ်ချက်ရမ်းမိခြင်းက
ဒူးဆစ်ကွေးမှ အကြောတွေအား ဖြတ်တောက်ခြင်းကို
ခံရကာ တစ်သက်လုံး wheelchair ပေါ်တွင်ထိုင်ကာ
နေဝင်ချိန်အားစောင့်ဆိုင်းရန်ဖြစ်လာလေတော့သည်။

ဒါတောင် မဒမ်Joralin၏ တားမြစ်မှုကြောင့်
သူအသက်မဆုံးရှူံးခဲ့ပေမယ့်
သာဒူးနဲ့ ကျောင်းဆရာတွေကလွဲ
လေ့ကျင့်ပေးသောသူအားလုံး၏
အဆုံးသတ်က သုသာန်တွင်သာဖြစ်၏။

ဒါ၁၁နှစ်ကလေးတစ်ယောက်ရဲ့ အစွမ်းအစ။
အခုချိန်ထိုကောင်လေးဟာ ၁၆နှစ်ပြည့်ပြီဖြစ်သည်။
အသက်ကြီးလာတာနဲ့အမျှ
အေးစက်မှုတွေ ပိုမိုပြင်းထန်လာပြီး
လွှမ်းမိုးချုပ်ကိုင်နိုင်မှုက အဆုံးအစမရှိတော့ပေ။

မြတ္ထိWhere stories live. Discover now