Chapter-14(unicode)

22 1 0
                                    

လူသတ်ခြင်း။

လူသတ်ခြင်းဆိုတဲ့ ခေါင်းစဥ်တစ်ခုအောက်မှာ
အကြောင်းပြချက် အမျိုးမျိုး များစွာရှိနိုင်ပါတယ်။
လက်စားချေချင်တာဖြစ်ဖြစ် ၊ မတရားခံရလို့ဖြစ်ဖြစ် ၊
နှိပ်ချဆက်ဆံခံရပြီး ခံပြင်းလွန်းလို့ပဲဖြစ်ဖြစ် ၊
သေသင့်တဲ့သူကို သတ်တာပဲ ဖြစ်ဖြစ် ၊
နာကျည်းလို့ပဲ ဖြစ်ဖြစ် ၊ သစ္စာဖောက်ခံရလို့ပဲ ဖြစ်ဖြစ်
လူသတ်တာက လူသတ်တာ ဆိုပေမယ့်
ဒါဟာ အခြေအနေအရဆိုတာ မှိုင်းလက်ခံနိုင်ပါသည်။

ဘာလို့လဲ ။ လူသတ်တာကို ဘာလို့လက်ခံနိုင်တာလဲ ။
ရိုးရှင်းပါတယ် ။ သေသင့်တဲ့သူကို သတ်တာပဲလေ ။

လူသတ်တာက လွယ်မယ်လို့ထင်လား ။
အပြောလေးတစ်ခုက လွယ်ကောင်းလွယ်နိုင်တာပေါ့ ။
ဒါပေမယ့် ငါ လူတစ်ယောက်ကို သတ်လိုက်တာပါလား
ဆိုတဲ့ စိတ်ရဲ့ အရိပ်မည်းကြီးကြောင့်
သွေးပြတ်သွားတဲ့သူတွေရှိသလို ။
စိတ်ရူးဖောက်သွားသူတွေလည်းအများကြီးပဲ ။

မှိုင်း လူသတ်သမားတွေရဲ့ နောက်ကွယ်ကို
လက်ခံနိုင်သေးတယ် ။ ကိုယ်မြင်နေရတိုင်း အမှန်မှ
မဟုတ်တာပဲ ။ မှိုင်းလက်ခံထားတဲ့ လူသတ်မှုမှာလဲ
အတိုင်းအတာ တစ်ခုရှိပါတယ် ။
လူတစ်ကိုယ် စိတ်တစ်မျိုးတဲ့ ။
အကြောင်းပြချက်ရေရာတဲ့ လူသတ်မှုတွေလက်ခံနိုင်ပေမယ့်
လက်ခံလို့မရတဲ့ လူသတ်သမားတွေအများကြီးပါ။

နေကြာချင်းအတူတူတောင် တောရိုင်းနေကြာတွေက
နေဘက်ကို မျက်နှာမမူဘဲ နေထိုင်ရှင်သန်နေသလိုမျိုး ။
အ​ပစ်မရှိတဲ့လူတစ်ယောက်ကို သတ်ထားပါရဲ့
အားနာမှုမရှိ အပြုံးမပျက်နေနိုင်နေတဲ့ လူသတ်သမားတွေ
ကို မှိုင်းအရမ်းမုန်းပါသည် ။ ရွံရှာပါသည် ။
ပိုက်ဆံအတွက် အညှိုးမရှိတဲ့ သူကို.....
အဆိုးဆုံး ဘယ်သူဘယ်ဝါမှန်းတောင်
မသိတဲ့လူတစ်ယောက်ကို
အပြုံးမပျက်ပါဘဲ သတ်နိုင်တဲ့ Assassin ဆိုတာမျိုး
ပိုလို့ပင်ရွံရှာပါသည်။

အခု သူသိပ်မုန်းပါတဲ့ assassin တစ်ယောက်ကို
သတ်ရတော့မည်။
ဒါပေမယ့် ထိုလူကို သူနာကျည်းလားဆိုတော့
မနာကျည်းပါ ။ ဒါပေမယ့်......

မြတ္ထိWhere stories live. Discover now