"violated rule's god ကြီးပါလား"
Leader 5 code name Tick ရဲ့
ခပ်နောက်နောက်စကားသံကြောင့်
Ruthကတော့ ရပ်မြဲအတိုင်းရပ်နေပေမယ့်
အဝေးကနေမှ ရယ်သံတစ်ခုထွက်ပေါ်လာတာကြောင့်
Ruth ရော Tick ပါအသံပိုင်ရှင်အား
ကြည့်လိုက်လေတော့ BRum"အဘိုးကြီး ခင်ဗျားပြောတာမှန်တယ်
ဟားဟား""မင်းလည်းဘာထူးလဲ ကောင်လေးရ"
Tickရဲ့ လှောင်ထေ့ထေ့စကားကြောင့်
BRum ခပ်မဲ့မဲ့လေးပြုံးပန်းဆင်လိုက်လေသည်။Död တွင် Rumble ထက်တောင် နာမည်ပိုကြီးပါတယ်ဆိုတဲ့
ဒီလူငယ်နှစ်ယောက်ဟာ mission စပါပြီဆိုကတည်းက
မည်သည့်အမိန့်မျှ မှန်ကန်အောင်မလုပ်ပဲ
ချိုးဖောက်စမြဲ။
အမိန့်အတိုင်းလုပ်ပါမည်ဟု
ဂိုဏ်းချုပ်ဆီ အယူခံ ဝင်ပြီး ကတိပေးရသည်မှာ
အိမ်နဲ့အိမ်သာ ဆက်ဆက်နေသလို တံခါးမရှိဓားမရှိ
ဒါလဲ အမိန့်အတိုင်း လုပ်ပါသလားမေး
နည်းနည်းလေးတော့ အဒွန့်တက်ထားတဲ့ သူမျိုးတွေ
ဖြစ်ကြပေသည်။"အခုလည်း Rumbleဆီသွားကြမလို့လား"
"ခင်ဗျားကရော"
မိမိအမေးအားမဖြေဘဲ မေးခွန်းထုတ်လာတဲ့ BRum
ကြောင့်"အေး ဒီနှစ် Murderer Ratio မှာနှုတ်ထွက်ထားမလို့"
"ခင်ဗျား ဝင်မပြိုင်ဖူးလား"
"မင်းအဘအသက်ဘယ်အရွယ်ထင်နေလဲ
မင်းတို့နှစ်ကောင်ကြောင့် ဒီစာတွေတင်နေရတယ်ဆိုတာ
ကိုလဲသတိရကြပါအုံး"ဟုတ်သည် Ruth တို့က သူတို့ကို အလွယ်လေးနိုင်သွားကြ
တာဆိုတော့ တစ်ချို့သောကောင်တွေက
ဒီလောက်လွယ်လားဆိုပြီး အနိုင်မရလဲ
နှစ်တိုင်းစိမ်ခေါ်ခံနေရခြင်း
ဒင်းတို့မသိတာက ဒီနှစ်ကောင်က မည်မျှလောက်တော်သည်
ဆိုတာကိုပင်။"ကဲ...ငါသွားတော့မယ် violated rule's god နှစ်ကောင်ရေ"
Tick ထွက်သွားပြီးမှ BRum မှာ လက်ထဲမှာ
လက်မလောက်သာရှိသော စိတ်ကြွဆေးပုလင်းလေးအား
ထုတ်လိုက်ကာ"Ruth ရော့"
ရှည်လျားလှတဲ့ အရပ်ကြောင့် BRum မော့ကြည့်နေခြင်း
ဖြစ်ကာ မှောင်ကုတ်သွားတဲ့မျက်ခုံးတွေက
Ruth 'ဒါက ဘာလဲ'ဟုမေးနေသည်ကို
BRum အတပ်သိပါသည်။
YOU ARE READING
မြတ္ထိ
Actionမော်ကွန်းမြတ္ထိ x စောမှိုင်းဟွမ် 📌စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာမို့ ပြင်ပလောကနှင့် သက်ဆိုင်ခြင်းမရှိပါ။