Chapter-16(unicode)

11 1 0
                                    

"စောမှိုင်းဟွမ်"

"အင်း"

"ခင်ဗျားကဘယ်သူလဲ ၊ ဘယ်ကလဲ ၊ ဘာကိစ္စအတွက်
ကျုပ်တို့အဖွဲ့အစည်းထဲရောက်လာလဲဆိုတာ
ကျုပ်မသိချင်ဘူး"

"......."

"ဒါပေမယ့် ခင်ဗျားတစ်ခုသိထား ။ ခင်ဗျားက
ခေါင်းဆောင်အကူအညီနဲ့ရောက်လာတဲ့လူဆိုရင်တောင်
ကျုပ်ရဲ့အလုပ်မှာဝင်ရှုပ်လို့ကတော့
ခင်ဗျားသွေးမြေကျမှာ ဘယ်ကောင်မှမတားနိုင်စေရဘူး"

"ငါလည်းမနှောက်ယှက်ချင်ပေမယ့်
မင်းရဲ့အလုပ်နဲ့ ငါ့အလုပ်တူနေရင်တော့"

မှိုင်း၏စကားစများရပ်တန့်သွားရခြင်းမှာ
ဝတ်စုံဖြူများ၏ ဝန်းရံခြင်းနှင့်
ဓားများထောက်ထားခြင်းကြောင့်ပင်။

"ရှင်းသွားအောင်လုပ်တာပေါ့ စောမှိုင်းဟွမ်"

"ပြောကြည့်ပေါ့"

"ခင်ဗျားအလုပ်က ဘာလဲဆိုတာ ကျုပ်ကိုပြောရမယ်။
ကျုပ်အလုပ်နဲ့ ပတ်သတ်မှုရှိရင်တော့"

"ငါ့အလုပ်က Irish Ruthကိုသတ်ဖို့ပဲ"

"ဟားဟား ခင်ဗျားလိုလူကလား"

ချွမ်း!!!
Mars lyon ရဲ့လှောင်ပြောင်တဲ့စကားကြောင့် မှိုင်း
မှိုင်းမျက်မှောင်ကြုတ်လိုက်ကာ
ဝန်းရံထားသောဓားတွေအား
ပြုတ်ကျသွားအောင်ကိုယ်တစ်ပတ်လှည့်ကာ
ကန်ချလိုက်လေသည်။

"ခင်ဗျားကို Dödအဖွဲ့အစည်းက
အတွင်းလူဆိုတာ ကျုပ်မေ့သွားတာပဲ"

"နောက်တစ်ခါလှောင်ပြောင်ရဲရင်
မင်းလည်းသတ်ဆိုးမရှည်ဖို့တွေးထား"
မှိုင်းစိတ်ပျက်လက်ပျက်ထွက်လာလိုက်လေတော့

"ဦးသူ စနစ်ပေါ့"

Mars lyon ရဲ့အပြောအား မှိုင်းခေါင်းတစ်ချက်သာ
ငြိမ့်ပြလိုက်ပြီး အစီအစဥ်အတိုင်း
လုပ်ဆောင်ရန် ထွက်လာလိုက်လေတော့သည်။

တစ်ဖက်တွင်....

"မဒမ် ဖယောင်းရည်အလုံအလောက်ပြင်ထားပေးပြီး
ပါပြီ"

"မဒမ်"
Joralin ဖုန်းပြောနေစဥ်
Ruthရောက်လာတာကြောင့်
ဖုန်းအားချက်ချင်းချလိုက်လေသည်။

မြတ္ထိWhere stories live. Discover now