Chapter-2(unicode)

38 2 0
                                    

နေ့လည်ခင်းအချိန်မှာတောင်
ကောင်းကင်တစ်ခုလုံးမှောင်မဲနေသည်က
မကြာခင်ငိုကျွေးတော့မည့် တိမ်မဲစုများကြောင့်သာ။

လေအေးတွေက တဖြူးဖြူးတိုက်နေပြီး
လမ်းပေါ်တွင် လူစုလူဝေးနှင့်
ခွေးတစ်ကောင် ကြောင်တမြီးတောင်မရှိပေမဲ့
လမ်းမကျယ်၏တစ်နေရာ၌
မဲနက်နေသော ဝတ်စုံအပြည့်ဝတ်ထားတဲ့
မိန်းမတစ်ယောက် ရှိနေပေသည်။

ထိုမိန်းမမှာ တစ်ကိုယ်လုံးနက်မှောင် နေအောင်
ဝတ်ဆင်ထားပြီး ရဲတောက်နေအောင်ဆိုးထားသော
နှုတ်ခမ်းတစ်စုံထက်တွင်တော့
တန်ဖိုးကြီး စီးကရက်တစ်ခုကိုလဲ
ကိုက်ခဲထားလေသည်။

ထိုမိန်းမမှာ လမ်းအလည်တည့်တည့်ကနေ
တစိုက်မက်မက်လျှောက်လှမ်းနေပြီး
လက်ထဲတွင်လည်း ကွမ်းယာတစ်ခုစာသာ
ထည့်လို့ရသော အိတ်ငယ်လေးတစ်ခုပါဝင်နေသည်။

ဤသူကား Joralinပေတည်း။

အငြိုးမမည်တဲ့အငြိုးတစ်ခုအား
ရှင်းပစ်သည်ဆိုသည်ထက် ဝါသနာဟူသော
ရောဂါလွန်ကျူးနေခြင်းကြောင့်
ကိုယ့်စိတ်ကိုယ်သာ အလိုလိုက်ခြင်းတစ်ခု။

လူသတ်ခြင်းလောက် သူ့ဘဝမှာ မည်သည့်
အရာမျှအရေးမပါခဲ့လို့ တွေးခဲ့တဲ့ကာလတစ်လျှောက်
လှုပ်ဖိုမှုခံစားခဲ့ရတဲ့ နှလုံးသားတစ်စုံအား
အရေးပါလောက်မည်လားဟု တွေးမိခဲ့သော်လည်း
သူ့အပေါ် သတ်ဖြတ်ခြင်းစိတ်တစ်ခုကသာ
သစ္စာရှိနေတဲ့အခါ..........

Joralin လမ်းလည်တည့်တည့်လျှောက်လှမ်းနေရာမှ
လမ်းကြားတစ်ခုအရောက်
ကိုယ်ရှိန်သတ်လိုက်ပြီး
ကုန်စပြုနေပြီဖြစ်သော
စီးကရက်အား မြေပြင်ပေါ်သို့
ပစ်ချကာ ခြေထောက်ဖြင့်
အားရပါးရမွခြေလိုက်လေသည်။

Joralinအတွက် အချစ်ဆိုတာ စီးကရက်တစ်လိပ်သာသာ။
ရှူရှိုက်တုန်းတခဏသာ
ပျော်ရွှင်မှုရှိတာ စီးကရက်တစ်လိပ်ကုန်သွားရင်တော့
ပျော်ရွှင်မှုက ကြက်ပျောက်ငှက်ပျောက်။

Joralin အချစ်ကိုမုန်းပါသည်
သို့သော် နှစ်လည်းနှစ်သက်မိသည်။
သူဒီလို ဖြစ်နေတာက ထူးဆန်း နေတာမျိုးတော့မဟုတ်ပေ။
ဘာလို့ဆို သူဟာ မိန်းမတစ်ယောက်ဖြစ်နေလို့.....။

မြတ္ထိWhere stories live. Discover now