Chapter-11(zawgyi)

6 0 0
                                    

နက်ပြောင်နေသော ကား၆စီးရှေ့ဆင့်နောက်ဆင့်ရောက်ချလာပြီး
ထိုအထဲမှ suit အပြည့် ဝတ်ဆင်ထားတဲ့လူတွေ
ဆင်းလာကြကာ Ruthတို့ရှိရာဆီ သေနတ်ဖြင့်
သမင်အမဲဖြတ်သလို တရက်စပ်ပစ်ကြလေသည်။

Ruth မှိုင်းအား ရင်ခွင်တွင်းသို့ထည့်လိုက်ကာ
အင်္ကျီလက်ထဲ၌ အရန်သင့်ရှိနေသော
ဝရိန်ချောင်းအား pitcherရိုက်သလို
ပစ်လိုက်ကာ တစ်ဖက်လူမှာ
ခေါင်းတည့်တည့်ကို စိုက်သွားတာကြောင့်
လဲကျသွားလေသည်။

"အောက်ငုံနေ!!"
တစ်ဖက်က အထိနာသွားတာကြောင့်
မဲမဲမြင်ရာ အကုန်ပစ်နေသူတွေလက်မှ
မှိုင်းမထိခိုက်စေရန် အောက်သို့ထိုင်ခိုင်းလိုက်ချင်းဖြစ်သည်။

"Ruth..."
ချွမ်း!!....

ကျည်ဆန်မှာ Ruth၏ ပခုံးနားမှ ရှပ်ခနဲ
ဖြတ်သွားတာကြောင့် ကိုယ်ကို ကိုင်းလိုက်ကာ
ရှောင်လိုက်ပြီး ထိမှန်သွားသော ကားပြတင်းမှာတော့
အစိတ်စိတ်အမွှာမွှာ။

ကွဲ ကျသွားသောမှန်မှတစ်ဆင့် Ruth
ငြိမ်းတည် အရန်သင့်ထည့်ထားပေးသော
သေနတ်နှစ်လက်အား ထုတ်လိုက်ပြီး
ကားကိုအကာအကွယ်ပြု၍ ကိုယ်ကိုဝပ်လိုက်ကာ

"ပစ်နိုင်လား"
"အင်း"
လက်ခံသံကြောင့် Ruth ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး
မှိုင်းလက်တွင်း သေနတ်တစ်လက် ပစ်ထည့်ပေးလိုက်ကာ
ကိုယ်ကိုမတ်ရင်း တစ်ဖက်သူတွေအား
ဆက်တိုက်ဆိုသလို ပစ်လိုက်လေသည်။

အောက်ဘက်တွင်လည်း မှိုင်းက ဝပ်နေကာ
တစ်ဖက်လူတွေအား ပြန်လှန်ပစ်နေတာကြောင့်
Ruthမှိုင်းအား တစ်ချက်ကြည့်လိုက်ကာ
မဲ့ပြုံးတစ်ချက်ချိတ်ဆွဲလိုက်လေသည်။

အုန်း!!ဒုန်း!!! ....ကျွီ
ထိုအသံမှာ ကားပါကင်သို့ အရှိန်ပြင်းပြင်းဖြင့်
ဝင်ရောက်လာသော နီဆွေးနေသည့် ကားတစ်စီး
ကြောင့်ပင်။

တစ်ဖက်လူများမှာ မည်သူမှန်းမသိတာကြောင့်
အပစ်အခက်ရပ်တန့်နေစဉ်

"ငေးမနေနဲ့လေ"
ဟူသောစကားသံတစ်ခုနဲ့အတူ
ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူတစ်ယောက်မှာ
အသံတိတ်ကာ အရုပ်ကြိုးပျက်လဲကျသွားလေသည်။

မွတ်ထိWhere stories live. Discover now