Chapter-10(zawgyi)

4 0 0
                                    

"Rumble ဒါဘာသဘောလဲ "

"သွယ့် ကိုယ်လုပ်တာမှားလို့လား"
Rumble Ruthအား ကိုယ်ရံတော်အဖြစ်
နှိမ့်ချလိုက်နိုင်တာကြောင့်
အောင်ပွဲခံကာ ဝိုင်ခွက်အား
ဟန်ပါပါကိုင်ရင်း ဇိမ်ခံနေစဉ် ရန်လာရှာနေသော
Joralin အား ခပ်ပြုံးပြုံးကလေးဆိုလိုက်လေသည်။

"ရှင့်ပါးစပ် ကနေ အဲ့စကား ထွက်စရာမလိုဘူး"

"အို...."

"Rumble ရှင့်မှာ Ruthကို အမိန့်ပေးပိုင်ခွင့်မရှိဘူး"

"ဟားဟား သွယ်..Joralin မင်းကိုယ့်ကို
ဘယ်လိုပြောခဲ့လဲဆိုတာ မှတ်မိပါသေးရဲ့လား"

"ဘာကိုလဲ"

"Ruthက ရှင့်ရဲ့အသုံးချခံဖြစ်လာမှာမလို့ ရှင်ကြိုက်သလို
စီမံပါဆို......"

"ရှင် ဘယ်နှစ်ရာစုနှစ်က စကားတွေကို
အထအနလာကောက်နေရတာလဲ"

Rumble ကလေးတစ်ယောက်အတွက်
ဆက်ဆက်ထိမခံဖြစ်နေတဲ့သူအား ကြည့်ကာ
မဲ့ပြုံးလေးချိတ်ဆွဲလိုက်ရင်း

"Joralin....Joralin ကိုယ့်သေးကိုယ်ပြန်ပက်နေတာပဲ"

"အဲ့တာရှင်နဲ့မဆိုင်ဘူး Rumble"

"အသုံးချခံဆိုတာ တစ်ချိန်တော့ ဖယ်ရှားခံရမှာပဲ"

"ဘဒ္ဒ!!!"
Joralin ဒေါသတွေမှာထောင်းကနဲဖြစ်သွားတာကြောင့်
ဒူးဆစ်ကွေးနားမှ အိတ်ကပ်ထဲအရန်သင့်ထည့်ထားသော
အဆိပ်အပ်ဖြင့် Rumble ၏ လည်ပင်း၌ ချိန်ရွယ်ထားလိုက်
လေသည်။

"မင်းပါးစပ်ကနေ ကိုယ့်နာမည်ပြန်ခေါ်ပြီပဲ ဟားဟား
Joralin ကိုယ် Ruth ကို ကိုယ်ရံတော်လေးပဲ
လုပ်ခိုင်းသေးတာပါ အဲ့လောက်လည်း အဖြစ်သည်းမနေပါနဲ့"

"Ruth က ရှင်ခိုင်းသမျှ လုပ်နေမယ်လို့ရှင်ထင်နေရင်
ရှင့်လှည်မျိုကိုဓားနဲ့ ကိုယ်တိုင်လှီးဖြတ်လိုက်သင့်တယ်"

"အဲ့ဓားက Ruthလည်မျိုကို ရောက်မသွားဖို့
မျှော်လင့်ပါတယ်"
Joralin ချိန်ရွယ်ထားတာမှ ဖယ်ခွာလိုက်ပြီး

"ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေ Rumble
နောက်တစ်ကြိမ် Ruth ရဲ့ ခြေမှုန်လေးကိုတောင်
ထိရဲရင်ထိကြည့်လိုက် ရှင့်ရဲ့ခွေးသာသာနေ့ရက်တွေ
ပြန်ရောက်လာစေရမယ်"

မွတ်ထိWhere stories live. Discover now