Chapter-13(unicode)

17 0 0
                                    

ဆွေးမြေ့စွာ ငိုကြွေးနေသော အုံ့မှိုင်းနေတဲ့
တိမ်ယံမျက်နှာပြင်မှ မိုးရေစက်တွေဟာ
Joralin ၏ အထီးကျန်ဆန်လှသော ခံစားချက်တွေအား
ဓာတ်စာဖြည့်ပေးနေသလိုပင်။

မှောင်မဲနေသောအခန်းကျဥ်းမှာ ပြူတင်းတစ်ခုသာ
ဖွင့်ထားသည်မို့ အလင်းရောင်မှိန်ဖျဖျလေးရှိနေသည်။

ထိုပြူတင်းပေါက်၏အနားတွင် ပလက်ကုလားထိုင်
တစ်ခုရှိနေကာ အောက်ကြမ်းပြင်တွင်တော့
ထိန်းမနိုင်သိမ်းမရငိုကြွေးနေတဲ့
မိုးရေစက်တွေ ပြန့်ကျဲကျဲ။

အလင်းရောင်မှိန်ဖျဖျကြား သေချာကြည့်မည်ဆိုပါက
ပလက်ကုလားထိုင်ဟာ အိကနဲ ဖြည်းဖြည်းချင်း
လှုပ်နေလေသည်။ ထိုလှုပ်ရှားမှုဟာ
Joralin ဖန်တီးထားခြင်း။

ပုံမှန်ထက်ကိုသွေးရောင်လွှမ်းနေတဲ့
ဝိုင်နီနီတွေက ခါးသက်လောက်မည် ထင်ရပေမယ့်
Joralin ၏အထီးကျန်မှုတွေယှဥ်လိုက်တဲ့အခါ
မပြောပလောက်ပေ။

အသက်အရွယ်အားဖြင့် ၅၆နှစ်ဟုသာဆိုပေမယ့်
တင်းရင်းနေသေးသော ပါးရည်တွေက
ပြင်ဆင်ချယ်သမှုတွေကြောင့်လား။
စိတ်ဆောင်နေသည်လားတော့ ဒီခန္ဓာကိုယ်ကြီးကပဲ
သိပေလိမ့်မည်။

ရင့်ကျက်သင့်ပြီဖြစ်သောဤအရွယ်မှာတောင်
သူ၏နှလုံးသားဟာ အထိမခံသေးပါ။

မွေးဖွားလာပြီဆိုကတည်း ယခုရှင်သန်နေသည့်
အသက်အရွယ်အထိ နှစ်ကြိမ်နှစ်ခါမျှသာ
လှုပ်ခုန်ဖူးသော နှလုံးအိမ်က
ပထမအကြိမ်နာကျင်ဖူးတာတောင် နာကျည်းခြင်း
အလျင်းမရှိပါဘဲ ဒုတိယအကြိမ်မှာ
ပိုသစ်လွင်နေတဲ့နာကျင်မှုဟာ
မိမိထက် ၃၃နှစ်ငယ်သော Ruthကြောင့်သာ။

"Ruth ခန္ဓာနဲ့ နှီးနှောရမဲ့သူက ငါမှမဟုတ်တာပဲလေ"
အကြိမ်ကြိမ်အခါခါဖြေသိမ့်နေပါသော်လည်း
ပါးထက်စီးကျနေသော မျက်ရည်ပူတွေဟာ
နှလုံးအိမ်မှ ဖျစ်ညစ်လိုက်တဲ့ သွေးမျက်ရည်တွေ။

ကလေးတစ်ယောက်။ အရွယ်ရောက်လာတာနဲ့အမျှ
ပိုမို ရဲတောက်လာတဲ့ မျက်ဝန်းအိမ်တွေက
သူမုန်းသောမိန်းမ၏သားဖြစ်နေတာတောင်
တစ်စစနဲ့ နွယ်ပင်ရစ်ပတ်နေသလို သူ၏နှလုံးသား
တစ်နေရာအား ချည်နှောင်လာလေသည်။

မြတ္ထိWhere stories live. Discover now