Chapter-18(unicode)

31 4 1
                                    

"လူလေးတစ်ယောက်တောင် မရှာနိုင်ဘူးလား"

ခွမ်း!!!

"မဒမ် ကျွန်တော်လို့ မြို့ရဲ့နေရာစုံရော
လက်သည်းခွံ​လောက်နေရာလွတ်လေးတောင်
မချန်ဘဲရှာခဲ့ပါတယ်"

Joralin တောက်ခ်ပြင်းပြင်းခေါက်လိုက်ကာ
ရှေ့တွင်ရှိနေသော
စားပွဲအား စိတ်လိုလက်ရကန်ချပလိုက်လေသည်။

"အေး အဲ့တာဆိုလူရော"

"......"
အောက်လက်ငယ်သားတွေမှာ Joralin၏ဒေါသကြောင့်
တုတ်တုတ်ပင်မလှုပ်ရဲကြပေ။

"Ruth ကလက်သည်းခွံလောက်သေးနေလို့မတွေ့တာလား"

"....."

"ငါမင်းတို့ကိုပြောမထားဘူးလား Ruthထွက်သွားတဲ့
အချိန်ကတည်းက မျက်ခြေမပျတ် လိုက်ပါ။
လိုက်ပါပြောထားလျက်နဲ့ ငါ့စကားကို
မင်းတို့က နံကြားမကပ်တာလား ဟမ်"

Joralin မှာ Ruth၏အသက်မဲ့နေသောခန္ဓာအား
ဖယောင်းစိမ်ဖို့ ဖယောင်းအလုံအလောက်ပြင်ထားပြီးပြီပင်။
ထိုဖယောင်းရည်ထဲတောင် Ruthကြိုက်တဲ့
Hoya (ဖယောင်းပန်း)ပွင့်ချပ်လေးများခြွေကာထည့်ထား
သေးသည်။

အောင်ပွဲခံဖို့ ဝိုင်နီနီတွေပြင်ဆင်ပြီးပြီ။
ဖယောင်းရုပ်လေးအား ထားဖို့အတွက်
သိပ်လှတဲ့Hoyaပန်းတွေအပြည့်ဖြင့်
ဖန်တီးထားတဲ့ အခန်းတစ်ခုလည်း
Joralin ကိုယ့်လက်ကိုယ့်ခြေဖြင့်သာ
ပြင်ထားပေးခဲ့တယ်။

စီစဥ်ထားသည်က စစ်ဆေးရေးမပြီးခင်လဲကျသွားမည့်
Ruthကို သယ်လာလျှင် ပြည့်စုံပြီ။
သို့ပေမယ့်။
ခံနိုင်ရည်ပြင်းတဲ့ Ruthကြောင့်
Joralin ရင်နာနာဖြင့် ပစ်ခက်ပွဲတစ်ခု
အလျင်အမြန်ပြင်ဆင်ခဲ့ရသည်။

သူ့ရဲ့အရုပ်လေးမှာ ထိခိုက်ဒဏ်ရာမမြင်ချင်ခဲ့ပေ။
ဒါပေမယ့် သိပ်ခေါင်းမာလွန်းတဲ့အရုပ်လေးကြောင့်
တစ်ချက်ထဲနဲ့သေစေနိုင်မည့် ချက်ကောင်းအား
တည့်တည့်ပစ်ခိုင်းလိုက်ရသည်။

စီစဥ်သလိုလဲကျသွားပါတယ်။
ဖယောင်းရုပ်လေးက နှုတ်ခမ်းပါးတွေဖြူဖတ်နေခဲ့တယ်။
သတိလက်လွတ်ဖြစ်နေခဲ့တယ်။

ဒါပေမယ့်လည်း မာလွန်းတဲ့ခေါင်းက
မည်သည့်သံမဏိနဲ့များပြုလုပ်ထားပါသလဲလို့
မေးလိုက်ချင်မိတယ်။

မြတ္ထိWhere stories live. Discover now