Chapter-4(unicode)

20 0 0
                                    

Endless state

Murderer Ratio ရဲ့ နောက်ဆုံးအဆင့်ဖြစ်သည်။
ဒီ state တွင် ရွေးချယ်စရာ သုံးခုရှိ၏။
ထိုသည်မှာ Endless state အားဝင်ရောက်ယှဥ်ပြိုင်ခြင်းမရှိဘဲ
ရပ်တန့်လိုပါက ယှဥ်ပြိုင်သူမှာ Professional အဆင့်
member တစ်ယောက်အနေနဲ့ ဝင်ခွင့်ရမှာဖြစ်ပြီး
ဂိုဏ်းချုပ်၏အမိန့်အား တစ်ဆင့်ခံ (သို့) တိုက်ရိုက်
နာခံခွင့်ရှိသူများဖြစ်သည်။

ထိုသို့မဟုတ်ပါဘဲ Endless state တွင်
ကိုယ်ရဲ့ ပြိုင်ဘက်အား ရွေးချယ်ခွင့်ရှိပါသည်။
Leader (သို့) ကြေးစား
အကယ်၍ ကြေးစားကို စိမ်ခေါ်ပါက
ကြေးစား၃ယောက်ဖြင့် တိုက်ခိုက်ရမှာဖြစ်ပြီး
အောင်မြင်ပါက
Master အဆင့် Assistant ရာထူးဖြင့်
ကိုယ့်ရဲ့ Leader ဆီမှာသာ အမိန့်နာခံရမည်ဖြစ်ပါသည်။

အကယ်၍ Leader တစ်ဦးဦးကိုစိမ်ခေါ်ပါက
အနိုင်ရခဲ့မည်ဆိုရင် ကိုယ်စိမ်ခေါ်လိုက်သော Leader ရဲ့
ရာထူးကို ရရှိမှာဖြစ်ပါသည်။
ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့
member အနေနဲ့သာ ရပ်တန့်လိုက်ရမည်ဖြစ်ပြီး
အောင်မြင်ပါက Immortal အဆင့် Leader တစ်ယောက်အနေဖြင့်
ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး  ဂိုဏ်းချုပ်ရဲ့ အမိန့်ကို
ငြင်းဆန်ပိုင်ခွင့်နဲ့ ကိုယ်ပိုင် အမိန့်ချမှတ်နိုင်သူများဖြစ်ကြပါသည်။

ဤအဆင့်သုံးမျိုးတွင် Assistant တွေသာချွင်းချက်ရှိလေသည်။
ထိုသည်က Assistant တွေက သက်ဆိုင်ရာ Leaderတွေ၏
အမိန့်သာနာခံခွင့်ရှိပြီး
ဂိုဏ်းချုပ်၏အမိန့်အား နာခံဖို့မလိုအပ်ခြင်း။

"BRum ဘယ်သူ့ကို စိမ်ခေါ်ချင်ပါသလဲ"
micro boxမှ အသံကြားရတာနဲ့
BRum လက်ညှိုးထိုးလိုက်ကာ

"Leader 3 "

"Leader 3 code name Tick လက်ခံပါသလား"

ဖြေဆိုမှုမရှိပေမယ့် ခေါင်းငြိမ့်ကာ
စိမ်ခေါ်မှုအား လက်ခံလိုက်သည်မို့
အားပေးသူများ၏ လက်ခုပ်သံများ ထွက်ပေါ်လာလေတော့သည်။

"ကောင်လေး give up switch လေး လိုလိုမယ်မယ်
ချိတ်ဆွဲထားတာက မင်းအတွက်ပိုအဆင်ပြေမယ်ထင်တယ်"

"အဲ့တာတွေအတွက် စိတ်ပူစရာမလိုပါဘူး အဘိုးကြီး"

"ဟုတ်ပြီ"

မြတ္ထိWhere stories live. Discover now