Chapter-17(unicode)

7 1 0
                                    


"ဦးမြင့်မြတ်သူ"
အေးစက်စက်ခေါ်သံကား
အိုမင်းနေသောအမျိုးသားတစ်ယောက်၏
နှလုံးသားကိုတောင် တုန်ခါစေသည်အထိ
စွမ်းအားပြင်းလှပါသည်။

"Sazaii......"

"........."

"ကိုယ်အတွက် Mars lyon ကအရေးမကြီးဘူး။
အဓိက က Sazaiiကို တင်ဆက်ခွင့်ရယုံနဲ့တင်"

ဂျောက်!!!
သေနတ်ပြောင်းအား ဦးမြင့်မြတ်သူ ၏
နှဖူးတည့်တည့်အားချိန်ရွယ်လိုက်လေသည်။

"ကိုယ်က အဲ့လိုသဘောမျိုးမဟုတ်ပါဘူး။
Sazaiiက အမှားရှိသူကို အပစ်ပေးတဲ့သူဆိုတာ
ကိုယ်သိပါတယ် ။
လူ့အသက်ကို ပြပွဲတစ်ခုလို သဘောမထားဘူးဆိုတာ
ကိုယ်သိပါတယ်"

ဦးမြင့်မြတ်သူ၏စကားကြောင့်
Ruth မျက်ခုံးပင့်လိုက်ကာ
သေနတ်ပြောင်း၏ဦးတည်ချက်အားဖယ်ရှားကာ
ကိုယ့်နားထင်၌ ခပ်ပြင်းပြင်းပွတ်လိုက်သည်။

"လူ့အသက်က ကျုပ်အတွက်ကစားစရာတစ်ခုပဲ"

"Sazaii....."

"ခေါ်ခဲ့လိုက်BRum"

Ruthအပြင်ဘက်တွင် မိန်းမအဝတ်အစားနှင့်
အရှက်မရှိ မတ်တပ်ရပ်နေသူအား
ခေါ်ကာခိုင်းလိုက်လေသည်။

"ဟျောင့် ငါက မင်းရဲ့ခိုင်းဖက်မဟုတ်ဘူးနော်။
မင်းထက်အသက်ကြီးတယ်ဆိုတာလည်း
သိထားအုံး"

"မင်းအဆင့်က"

"Leader 3"

"ကျုပ်က"

"Leader 1"

"အဟက်!!!"
Ruth၏ပေါ်တင်လှောင်ပြောင်မှုကြောင့်
BRum၏မျက်နှာကြီးတစ်ခုလုံး နီစွတ်သွားလေသည်။

"ဟမ့် ကြည့်နေလိုက် မင်းငါ့ရှေ့မှာ
ဒူးထောက်ခစားနေစေရမယ်"

"ကျုပ်ခိုင်းတာလုပ်ပြီးပြီလား"

"ခုခေါ်လာခဲ့မယ်လို့"

"အဟက်!!"

BRum ကျွဲတစ်ကောင်လိုနှာတစ်မှုတ်မှုတ်ဖြင့်
ဦးမြင့်မြတ်သူအား ဂုတ်ကနေဆွဲမလာပြီး
ကားနောက်ခန်းထဲထည့်မည်အလုပ်

ဝူး......
အရှိန်ပြင်းပြင်းဖြင့်မောင်းထွက်သွားသောကားကြောင့်
BRumမှာ ငူတူတူကြီးရပ်ကျန်ခဲ့ကာ
ဦးမြင့်မြတ်သူကတော့
ကားနောက်ခန်းထဲမှ အရှိန်ဖြင့်ကျတာကြောင့်
ပြောင်နေသောနဖူးမှာ
မြေပြင်နှင့် ဂွက်ကနဲ မြည်အောင်ထိတိုက်သွားလေသည်။

မြတ္ထိWhere stories live. Discover now