Chapter-5(unicode)

19 0 0
                                    

"ဟျောင့် မင်း ငါ့ကိုတောင်းပန်သင့်တယ်လို့မထင်ဘူးလား"

"......."

"မတောင်းပန်ဘူးဆိုရင်တောင် အားနာစိတ်​လေးတောင်
မဖြစ်ဘူးလား"

"........"

"ဟျောင့် မင်း အ နေတာလား"

" ခြင်များ ဝါးစားထားတာလား"

"ဘာကွ ပြန်ပြောစမ်း"

"တဝီဝီနဲ့ နားညီးနေတာရပ်"

"မင်းက ငါ့ကို အားယားနေလို့ တဝီဝီလုပ်နေတယ်ထင်နေတာလား"
BRum အသည်းအသန် စိတ်တိုနေရခြင်းမှာ
အခန်းကိစ္စဖြစ်သည်။

BRum က ငယ်စဥ်ကတည်းက စစ်တန်းလျားရဲ့
ချောင်ကျတဲ့နေရာမှာပဲ နေခဲ့ရတာဖြစ်တာကြောင့်
A.Oရဲ့ အခန်းအား မျှော်လင့်မိခြင်းဖြစ်သည်။

သို့သော် ထိုတေမိမင်းသား၏အသက်မ​ပြည့်မှုနဲ့
အတူတူနိုင်ပွဲဆင်ခဲ့သည်ကြောင့်
တစ်ခန်းတည်း အတူနေရမည်ဟူသော စကားအားတွေးရင်းနဲ့
စိတ်ပေါက်နေခြင်းဖြစ်သည်။

BRumဆယ်ခွန်းလောက်ပြောလဲ တုံ့ပြန်မှုမရှိတဲ့ကောင်ကြောင့်
စိတ်ကို ကိုယ့်ဘာသာ လျော့လိုက်ကာ အခန်းစီအရောက်သွားရင်း
အပန်းဖြေရန်သာ တွေးလိုက်တော့သည်။

ကျွီ......
တံခါးပွင့်သံနှင့်အတူ ထိန်လင်းနေတဲ့ မီးတွေနဲ့
ပြောင်လက်နေတဲ့ ကြမ်းပြင်ကြောင့်
BRum ဝိုး ဟုသာ အသံထွက်နိုင်တော့လေသည်။

"အိပ်ယာကနှစ်ခုရှိတာပဲ"
"အင်း "

"ဒီတစ်ခါတော့ ငါကအကြီးဆိုတော့ အလျော့ပေးလိုက်မယ်
ကြိုက်တာရွေး"

"မင်းရဲ့ အဘိဓာန်မှာ အလျော့ပေးတယ်ဆိုတာရှိတာက
အံ့သြစရာပဲ အဟက်!!"

လှောင်ရယ်တာမျိုးမဟုတ်ဘဲ ပုံမှန် ရယ်နေသံမို့
BRum ခေါင်းကုတ်လိုက်ကာ Ruth ဆီလှည့်ကြည့်မိလိုက်သည်။
ပန်းတစ်ခုအား ကိုင်တွယ်နေတဲ့ Ruthပုံက နူးညံ့လွန်းတာကြောင့်
BRum ခဏတာငေးမောမိသွားတာတော့အမှန်ပေ။

"အဲ့တာ ဘာပန်းလဲ"

"Hoya"

"Hoya"
BRum သံယောင်လိုက်ကာပြောလိုက်တော့

မြတ္ထိWhere stories live. Discover now