နီခီကကလေးဆိုးတစ်ယောက်လိုချွဲနေတာမို့ဆောင်းဟွန်းမျက်နှာမှာအပြုံးရိပ်ကလေးထင်လာရသည်~"တွေ့လား~ပါးချိုင့်လှလှလေးရှိတာကိုဖုံးထားတယ်~များများပြုံးပါ "
"ဘာလို့လဲ?? "
"ကျွန်တော် ရင်အေးရတာပေါ့ "
"အပိုတွေ~မင်းကခြေထောက်ထိသွားရမှာမဟုတ်ဘူး~ပါးစပ်ထိသွားရမှာ..."
ဆောင်းဟွန်းက ထိုစကားကိုအရယ်တဝက်
ဖြင့်ပြောသည်~"ရော့ ပါးစပ်သုတ်လိုက်ဦး "
"သုတ်ပေး..."
"မင်းကတော့လေ~လက်ကျိုးတာလား ခြေထောက်ကျိုးတာလားတောင်မသဲကွဲတော့ဘူး ဟမ်? "
ပါးစပ်ကသာပြောနေပေမဲ့ ဆောင်းဟွန်းရဲ့လက်တို့က နီခီ့နှုတ်ခမ်းကိုသုတ်ပေးနေပြီ~
"......"
"......"
"ကိုယ့်ဘာသာပဲသုတ်လိုက်တော့...ရော့ "
နီခီ့လက်ထဲသို့တစ်ရှူးကိုထည့်ပေးခဲ့ပြီး ပန်းကန်ဆေးရန်ထွက်လာခဲ့သည်...
နီခီနဲ့အကြည့်ချင်းဆုံတိုင်းဖြစ်ပေါ်လာတတ်သောရင်ခုန်သံတစ်ချို့ကိုသတိထားမိနေပြီမို့ကိုယ့်ကိုယ်ကို သတိပေးနေရသည်....
"ဟူး...ဆောင်းဟွန်း စိတ်ကိုထိန်းမယ်....
မူမပျက်စေနဲ့..."ထို့နောက် စားသောက်ပြီးသော ကြွေပန်းကန်ကိုသေချာဆေးကြောပြီးရေစစ်ထားခဲ့ပြီးမှ
နီခီ့အနားကိုပြန်လာသည်~VIP Room မို့ ဝန်ဆောင်မှုအပြည့်အစုံပါရှိ
သဖြင့်အတော်လေးအဆင်ပြေလှသည်~TV ၊ ရေခဲသေတ္တာ ၊ Air-con စသည့်ဇိမ်ခံပစ္စည်းတွေအကုန်ပါရှိပြီး သာမန်လူနေအိမ်တစ်လုံးထက်ပင်ပြည့်စုံနေသေးသည်~
နီခီ့ကဆောင်းဟွန်းအနားကိုတရွေ့ရွေ့တိုးလာပြီး ခါးကိုဖက်လိုက်သည်~
"ဘာလုပ်တာလဲ?? "
"ခဏလေးပဲ...မတွေ့ရတာကြာလို့ အရမ်းလွမ်းနေလို့~ခဏလောက်ဒီလိုလေးပေးနေပါဦး "
အခုအခြေအနေမှာ ဆောင်းဟွန်းက မတ်တပ်ရပ်လျက်သားနှင့် နီခီက ခါးကိုဖက်ထားပြီးဆောင်းဟွန်းရဲ့ဝမ်းဗိုက်ကိုသူ့ခေါင်းနှင့်တိုးဝှေ့နေသည်~