အခန်းထဲရှိလေထုအခြေအနေသည် ကောင်းသည့်ဘက်ကိုရောက်မနေချေ~
နီခီ့မျက်နှာသည် မိုးကြိုးပစ်ခံထားရသောသစ်သားတုံးကဲ့သို့မည်းမှောင်နေသည်~
"နီခီရေ...ဒါ ငါ့ဖေဖေရဲ့စီးပွားရေးပါတနာလေ ပတ်ဂျုံဆောင်းတဲ့~ငါကမင်းနေမကောင်းဘူးပြောပြထားလို့ သူကလူနာသတင်းလာမေးတာ ဟီး...ဟျောင်း ဒါကျွန်တော့်သူငယ်ချင်း နီရှီမူရာရီခီ~နီရှီမူရာမျိုးနွယ်က အငယ်ဆုံးသား...နီခီလို့ပဲခေါ်ကြတာ.."
"တွေ့ရတာဝမ်းသာပါတယ် ကောင်လေး~ ကိုယ်လဲ နီရှီမူရာလုပ်ငန်းစုနဲ့အကျိုးတူပူးပေါင်းဖို့ပြင်နေတာပါ~မင်းခြေထောက်လဲအမြန်သက်သာလာပါစေကွာ..."
"ကျေးဇူး...."
နီခီ့ရဲ့ဖြေသံကြောင့် ဆောင်းဟွန်းအလိုမကျဖြစ်သွားရသည်~
ဒီကလေးက အကြီးကိုအကြီးမှန်းမသိ ရိုရိုသေသေကိုမရှိတာ~
"ဟို...နီခီ မင်းcoffeeသောက်ချင်တယ်ဆို...ငါသွားဝယ်ပေးမယ် ဆောင်းဟွန်းရှီနဲ့အေးဆေးစကားပြောကြဦးလေ နော်.. "
ဆောနူကအလိုက်တသိပင် ရှောင်ပေးသလို
ဂျောင်ဝန်းကိုလဲမျက်စပစ်ပြလိုက်သည်~"အာ...ဟျောင်း ကျွန်တော် ဘာမှမစားရသေးလို့ တစ်ခုခုအရင်သွားစားကြမလား??~ အောက်ဆုံးထပ်မှာ ဆေးရုံcanteen ရှိတယ်လေ..."
ဂျောင်ဝန်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဂျုံဆောင်းကိုအဖော်စပ်သည်~
သူ့ရဲ့ Gentleman ကိုစကားများများပြောဖို့လဲမဝံ့ပါ~
တော်ကြာ သူပါအော်ထုတ်ခံနေရဦးမယ်~
ဂျုံဆောင်းကလဲ သိပ်ပြီးဒုံးဝေးသည့်သူဟုတ်မနေတာကြောင့် အခြေအနေကိုသဘောပေါက်လိုက်သည်~
"ဒါဆို ကိုယ်တို့ တစ်ခုခုသွားစားကြတာပေါ့~ဟွန်းလေးကနေခဲ့မှာလား?? လိုက်ခဲ့မလား?? "
"နေခဲ့လိုက်မယ် ကိုကို~မေမေကသေချာလူနာကြည့်ခိုင်းလိုက်တာဆိုတော့...."
"ဒါဆို ကိုကိုစိတ်ချမယ်နော်....."
"ဟုတ်...."
ဂျုံဆောင်းကအခန်းထဲကမထွက်သွားခင်
ထိုလူနာကောင်လေးကိုသေချာစူးစိုက်ကြည့်သွားလိုက်သည်~