"ဆောင်းဟွန်းရေ~နီခီလေးကိုမတွေ့တာကြာနေပြီ~တစ်ခုခုများဖြစ်နေလို့လား??~ဒီကလေး အိမ်လဲမလာဘူး~ "
"မသိဘူး မေမေ~အလုပ်လဲမလာဘူး~ဆိုင်ရှင်ကတော့ နေမကောင်းလို့ခွင့်ယူထားတယ်လို့ပြောတယ် "
"သားဖုန်းဆက်ကြည့်သေးလား?? "
"မကိုင်ဘူး မေမေ ~ဂျယ်ယွန်းတို့ဆက်ကြည့်တာလဲ မကိုင်ဘူးတဲ့ "
"ဒီကလေးဘာများဖြစ်နေလို့ပါလိမ့်ကွယ် "
ဆောင်းဟွန်းမေမေစိတ်ပူမယ်ဆိုလဲပူစရာပင်~
ဆောင်းဟွန်းတောင်နီခီကိုမတွေ့တာအတော်ကြာနေပြီ~
တစ်ပတ်လောက်တောင်ရှိတော့မလားပဲ...
သူ့ဆီကိုဖုန်းလဲမဆက်~စာလဲမပို့~သူဖုန်းဆက်တော့လဲမကိုင်ဘူး~စာပို့တော့လဲ
စာမပြန်ဘူး....လူကိုသဘောကျတယ်ပြောတာလဲသူပဲ~
အဖက်မလုပ်ပဲပစ်ထားတာလဲသူပဲ~
အဲ့တာကြောင့် ရည်းစားထားမယ်ဆို ကလေးတွေကိုမရွေးသင့်ဘူးလို့ပြောကြတာနေမှာ~
ဆောင်းဟွန်းနှာခေါင်းလေးတစ်ချက်ရှုံ့လိုက်ပြီးလုပ်စရာရှိတာသွက်သွက်လုပ်လို့ကျောင်းသွားဖို့ပြင်လိုက်သည်~
အရင်ကဆို နီခီကကျောင်းလိုက်ပို့နေကျ~
အခုတော့ သူထိုင်နေကျနေရာမှာ တခြားကောင်မလေးတစ်ယောက်ဖြစ်နေလောက်ရောပေါ့~
ဆောင်းဟွန်းတွေးရင်းနဲ့ဘာကိုမှန်းမသိအလိုမကျသလိုခံစားချက်ကြီးဝင်လာသည်~
တော်စမ်း ပတ်ဆောင်းဟွန်း~~
မင်းသူ့ကိုလုံးဝသဘောကျလို့မရဘူး~
မဟုတ်ဘူး~ဒီ့ထက်ပိုပြီးသဘောကျလို့မရဘူး~
မဟုတ်ရင် ဒီကစားပွဲမှာရှုံးမဲ့သူကမင်းဖြစ်သွားလိမ့်မယ်~
~
~
~
~"အား ! ! သေချင်လာပြီ~ဒီပတ်တီးကြီးကဘယ်ချိန်ဖြည်ရမှာလဲ ! ! ! "
"နီခီရာ~တိုးတိုးအော်စမ်းပါ~အသံလုံတယ်ဆိုတိုင်း လိပ်ခေါင်းထွက်အောင်အော်နေ~နောက်၁ပတ်လောက်ပဲထပ်နေရမှာ စိတ်ချ~ပြီးရင် မင်းအိမ်သာတက်တာတောင်
ကပြီးတက်လို့ရပြီ"