Epi 18

141 28 6
                                    

* ကျစ် *

နီခီစုတ်တစ်ချက်သပ်လိုက်ပြီး ပါးစပ်ထဲမှစုပ်လုံးကိုတစ်ခါတည်းဝါးချေပစ်လိုက်ပြီးတုတ်တံကိုခပ်ဝေးဝေးလွှင့်ပစ်လိုက်သည်~

ပတ်ဆောင်းဟွန်းက သူ့ကိုမမြင်တာလား??

သူကြည့်နေမှန်းသိလို့သက်သက်လုပ်ပြနေတာလား??

ဟိုကောင်လေးကလဲ ဘယ်ကတည်းကပူးကပ်ချင်နေလဲမသိ~ရင်ခွင်ထဲတောင်ဝင်တော့မယ်....

* တောက် *

နီခီတောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်သည်~

ဒါတော့ နည်းနည်းများသွားပြီ~

ပတ်ဆောင်းဟွန်း လွန်သွားပြီ~

သူ့ရှေ့မှာတောင် သိပ်ထုတ်မပြဖူးတဲ့အပြုံးတွေကိုဖောဖောသီသီပေးနေလိုက်တာများ~~

"အော....နီခီ ငါ့ကိုလာကြိုတာလား?? "

"မဟုတ်ဘူး ဆော်လာကြောင်တာ "

"အဲ့တာဆိုလဲ ပြီးရော ငါသွားပြီ "

"ဘယ်ကိုသွားမှာလဲ?? ခင်ဗျားဟာလေ ရွဲ့လို့ရွဲ့မှန်းမသိ ~ ဒီကျောင်းမှာခင်ဗျားကလွဲရင် ကျွန်တော်နဲ့သိတဲ့သူရှိလို့လား?? မြန်မြန် ကားပေါ်တက်~ အလုပ်နောက်ကျတော့မယ် "

နီခီခြေထောက်ပြန်ကောင်းတာ တစ်ပတ်ကျော်ကျော်လောက်ပဲရှိသေးသဖြင့် အိမ်ကအပို့အကြိုကို ကားဖြင့်လုပ်ပေးသည်~

"ဆောင်းဟွန်း..."

"ဘာလဲ?? "

"ခုနက နှုတ်ဆက်နေတဲ့ကောင်ကဘယ်သူလဲ?? "

"ဟမ်?? အော...ဟာရူအာကိုပြောတာလား?? ဂျူနီယာလေးပါ "

"ဘာလို့သူ့ကိုအဲ့လောက်တောင်ပြုံးပြနေရတာလဲ?? "

"သူကသူ့ကိုစာရှင်းပြပေးလို့ကျေးဇူးတင်ကြောင်းပြောတာကို ငါကမပြုံးပြလို့မဲ့ပြရမှာလား?? "

"ဘာပဲဖြစ်ဖြစ် ခင်ဗျား အဲ့လောက်ကြီး
ပါးချိုင့်ရော သွားစွယ်တွေပါပေါ်အောင်ပြုံးပြစရာမလိုဘူးလေ~အဲ့လောက်ကြီးကျ ......."

"အဲ့တော့ ငါ့ကိုဘယ်လိုလုပ်စေချင်နေတာလဲ?? နီခီ မဟုတ်မှ မင်းသဝန်တိုနေတာလား?? "

NO REGRETSWhere stories live. Discover now