"အဟမ်း အဟမ်း....၂ယောက်သားရန်ဖြစ်ထားကြတာလား??? "
"မဖြစ်ပါဘူး ဘာလို့လဲ?? "
ဂျယ်ယွန်းက ခပ်ခွာခွာဖြစ်နေတဲ့နီခီနဲ့ဆောင်းဟွန်းကြောင့်မေးကြည့်မိခြင်းဖြစ်သည်~
နီခီကဆောင်းဟွန်းကိုအရိပ်တကြည့်ကြည့်ဖြစ်နေပေမဲ့ဆောင်းဟွန်းရဲ့ခပ်တည်တည်မျက်နှာပေးကြောင့်အနားမကပ်ရဲပေ~
"မနေ့ကတော့ ၂ယောက်သားကြည်နူးနေကြတာမဟုတ်လား? နီခီတောင်ပုံတွေဘာတွေတင်လို့"
"တော် ...အဲ့ဒီ့အကြောင်းမပြောနဲ့...."
"အာ....ပုံတင်လိုက်လို့စိတ်ဆိုးနေတာလား? ဟိဟိ မရှက်ပါနဲ့~ရည်းစားတွေတောင်ဖြစ်နေကြပြီမဟုတ်လား~ပုံလေးတင်တာလောက်တော့......."
"ဘာရည်းစားတွေလဲ? ရည်းစားမဖြစ်သေးပါဘူးနော်~ငါသူ့ကိုအဖြေမပေးရသေးပါဘူးဆို "
ဆောင်းဟွန်းကနီခီ့ဆီအကြည့်တချက်ပို့လိုက်တော့ ဟိုကလဲသူ့ကိုကြည့်နေသည်နှင့်တိုးပြီးချက်ချင်းအကြည့်ပြန်လွှဲလိုက်သည်~
ဟွန့်~~သူအခုထိစိတ်ဆိုးမပြေသေးပါဘူး....
"ဟမ်~အဖြေသာမပေးရသေးတာ~အိမ်ခေါ်ပြီးစာတွေတောင်သင်ပေးနေတာလေ~"
"အဲ့တာက.....သူကျောင်းတွေပျက်ထားလို့စာမလိုက်နိုင်မှာစိုးလို့သက်သက်ပဲ~ငါအခုချိန်မှာသူနဲ့ဘာအဆင့်မှမတက်ချင်သေးဘူး~ အေးအေးဆေးဆေးလေးပဲနေချင်သေးတယ် "
"ဆောင်းဟွန်းက နီခီ့ကိုကြိုးရှည်ရှည်နဲ့လှန်ထားမလို့လား?? "
"အင်း~လောလောဆယ်တော့အဲ့လိုထင်ချင်လဲထင်လို့ရတယ်~ငါသူ့ကိုစောင့်ကြည့်ချင်သေးတာ~သူငါ့ကိုတကယ်ချစ်တာ ဟုတ်မဟုတ်"
ဆောင်းဟွန်းက သာမန်ထက်ပိုပြီးရင့်ကျက်တဲ့ကောင်လေးတစ်ယောက်ပဲ~
နီခီ့အတွက်တော့ ဂျယ်ယွန်းက အားပေးနေရုံမှလွဲပြီးမတတ်နိုင်ပါ~~
~
~
~
~
~
~"ဆောင်းဟွန်းရေ~ဆောင်းဟွန်းလို့...စိတ်ဆိုးပြေပါတော့နော်~"
ဆောင်းဟွန်းက သူ့ကားနှင့်မလိုက်သဖြင့်နီခီ့မှာကားကိုသက်သက်နောက်ကလိုက်ခိုင်းပြီး ဆောင်းဟွန်းရဲ့ခြေလှမ်းများကိုမီအောင်လိုက်နေရသည်~
![](https://img.wattpad.com/cover/385180357-288-k142336.jpg)