"နီခီ စာကိုကြည့်လေ~ငါ့ကိုကြည့်နေတော့စာနားလည်လား? ဟမ်? "
"နားလည်ပါတယ် "
"ဘာတွေနားလည်လိုက်လဲ?? "
"အချစ်အကြောင်းတွေ အာ့ ဘာလို့ခေါက်တာလဲ?? "
ဆောင်းဟွန်းကဘောပင်ထိပ်ကလေးဖြင့်ခေါက်လိုက်သဖြင့်နီရဲသွားသောနဖူးကိုနီခီကပွတ်သပ်ရင်းဆိုသည်....
"မင်းကျောင်း၂ပတ်ပျက်ထားတဲ့အပြင် ပြန်တက်တော့လဲအတန်းလစ်သေးတယ်~ပြီးတော့ပြန်ရှင်းပြတော့လဲသေချာလိုက်မကြည့်ဘူး~ဒီပုံစံနဲ့စာမေးပွဲဘယ်လိုဖြေမလဲ?? "
"အချိန်တန်ရင်သူ့အလိုလိုဖြစ်သွားပါလိမ့်မယ် ဆောင်းဟွန်းရယ် "
"မင်းအချိန်ကဘယ်တော့မှလဲ?? တကယ့်ကိုပြောမရဆိုမရ....."
* မွ *
ဆောင်းဟွန်းရဲ့စကားတွေသည် ပါးပေါ်ရုတ်တရက်ကျရောက်လာသည့်အနမ်းတပွင့်ကြောင့်ရပ်တန့်သွားရသည်~
"မင်းကိုဘယ်သူကနမ်းခွင့်ပြုထားလို့လဲ??"
"ဆောင်းဟွန်းကလဲ~ချစ်လို့နမ်းတာကို~မချစ်ရင်ဘယ်သူကနမ်းမှာလဲ?? "
"အဲ့ဒီ့ချစ်စိတ်လေးတွေကို စာလုပ်တဲ့နေရာမှာသာသုံးရင် မင်းSNUကိုအသာလေးဝင်ခွင့်ရမှာ "
"ဟွန့်~~ကျွန်တော့်ကိုမဆူပါနဲ့~ခြေထောက်ကအခုမှသက်သာတာကို....."
*knock knock *
"သားတို့ရေ~စာချည်းပဲလုပ်မနေကြနဲ့~ရော့ မုန့်စားကြဦး "
"ဘာစာမှကောင်းကောင်းမလုပ်ရသေးဘူး မေမေ~နီခီက ဂဂျီဂဂျောင် လုပ်နေတာ "
ဆောင်းဟွန်းကဆန်မုန့်ကိုလှမ်းယူရင်းတိုင်သည်~
"မဟုတ်ဘူးနော် အိုမား~သားကလိမ္မာပါတယ် "
နီခီကငါးပေါင်မုန့်ကိုကိုက်နေရင်းခုခံပြောဆိုသည်~
"အေးလေ ငါ့သားငယ်လေးကလိမ္မာပါတယ်~ဆောင်းဟွန်းရယ် ကလေးကအခုမှနေကောင်းခါစကို ဖိအားတွေသိပ်မပေးပါနဲ့...."
"မေမေနော်~မေမေ့သားအရင်းကဘယ်သူလဲမေ့နေပြီလား?? "
"မေမေက၂ယောက်လုံးကိုချစ်ပါတယ်ကွယ်~ကဲ စား စား ~စားပြီးမှ စာဆက်သင်ကြနော်~နီခီလေး စာကိုကြိုးစားလုပ်နော်~မေမေ TVကြည့်လိုက်ဦးမယ် "