နှလုံးသားမှာ
ရစ်ပတ်နှောင်ငင်
နုတ်လို့မရ
ဖြတ်လို့မရ
အရှိန်ပြင်းပြင်း
ဖောက်၍ထွက်သည်
(နွယ်)အချစ်တစ်ခုအတွက်နဲ့..နှလုံးသားမှာ
ဒဏ်ရာရခဲ့တဲ့လူနှစ်ယောက်က..မတူညီတဲ့
ခံယူချက်တွေကိုလက်ကိုင်ထားပြီး...အချစ်ဆိုတဲ့နွယ်ပင်တွေ..ရင်ထဲမှာနောက်ထပ်တစ်ခေါက်
ရစ်တွယ်ပြီးမရှင်သန်နိုင်အောင်လို့..အတိတ်ကနာကျည်းမှုတွေဆီမှာ နှလုံးသားတွေကိုအပြီးပိုင်သဂြိုလ်
ခဲ့ပြီးသားပါဒါဆို..နှလုံးသား အခွံကြီးတွေနဲ့
လောကကြီးမှာဆက်လျှောက်ကြမယ်ပေါ့..ကိုယ်လုံးဝမနှစ်သက်တဲ့အရာတစ်ခုကိုလူ
တစ်ယောက်ကအတင်းအကျပ်ပေးလာတဲ့အခါမှာ
ငါမကြိုက်ဘူး..လို့
ငြင်းဆန်လို့ရပေမယ့်..ကံတရားကအတင်းအကျပ်ပေးလာခဲ့တဲ့အခါမှာတော့..အတွန့်တက်လို့မရသလို
ငြင်းဆန်လို့လည်းမရပါဘူး..လူသားအားလုံးဟာ
ကံစီမံရာမှာ..ကနေကြရတဲ့ရုပ်သေးလူသား
တွေပဲမဟုတ်လား...
--------------------------"နှလုံးသားအခွံတွေနဲ့အသက်ရှင်နေကြ
တဲ့သူ..ကံကြမ္မာကရီစရာအဖြစ်သတ်မှတ်ပြီး
ဆုံဆည်းခွင့်ပေးခဲ့တယ်"(၄)
Date..feb 14,
(ဖေဖော်ဝါရီလ ငွေနှင်းမှုန်တို့မှိုင်းပြပြကျ..အရိုးထဲထိအေးစိမ့်အောင်ချမ်းသောလ
ချစ်သူတွေအချင်းချင်းအပြုံးတွေဝေစည်
မျက်ဝန်းတွေတောက်ပတဲ့လ..)ဆေးရုံရဲ့ရုံးခန်းတစ်နေရာပြတင်းပေါက်မှနေ၍လမ်း
သွားလမ်းလာလူများကိုsuho လှမ်းကြည့်နေမိသည်
လူတွေအားလုံးတစ်ယောက်ခြင်းစီရဲ့ခန္ဓာကိုယ်ပေါ်မှာ..အအေး
ဒဏ်ကိုအံတုနိုင်ဖို့အတွက် ထူထူထဲထဲ
အနွေးအကျီင်္ီများကိုဝတ်ဆင်လျက်..လမ်းပေါ်မှာလှုပ်ရှားသွားလာနေကြတယ်...ညခင်းချိန် ည ၇ နာရီကျော်ကျော်တော့ရှိမယ်မြင်နေရတဲ့မြင်ကွင်းတွေက ရင်ထဲကျေနပ်စရာနဲ့
ကြည်နူးဖို့ကောင်းတဲ့မြင်ကွင်းမျိုးလေးတွေပါ
တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း
ကျေနပ်ဝမ်းသာနေကြတဲ့ ချစ်သူတို့ရဲ့အပြုံးတွေ
![](https://img.wattpad.com/cover/57838935-288-k671032.jpg)
YOU ARE READING
နွယ်..sulay Fic
De TodoSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...