Xing အတွက်တော့သူသည် အဆိပ်ပြင်းလွန်း
သည်။အဆိပ်ပြင်းလွန်းတဲ့ လိပ်ပြာရိုင်းတစ်ကောင်မို့
ထိုလိပ်ပြာလေးကို လက်နှင့်အသာအယာလေးတို့ထိဖို့ကိုပင် xing မဝင့်ရဲတော့ပေ။ထိုအဆိပ်များကပဲ xing တစ်ကိုလုံးကိုဝါးမြိုခဲ့ပြီး
နှလုံးသားကိုပါအရည်ပျော်ကျစေခဲ့တာမဟုတ်လား။
.
.
.
.
.
.
အဲဒီနေ့က..ငါမလာခဲ့ပါဘူး။ဟုတ်တယ် မလာခဲ့ဘူး
လို့ပဲ မင်းအသိစိတ်ထဲမှာမှတ်မိပေးပါ။မင်းရဲ့နူးညံ့ပျော့ပြောင်းပြီး အညိုဖျော့ဖျော့ဆံနွယ်
တွေက ငါ့ကိုမမှတ်မိခဲ့ဘူးမဟုတ်လား။မင်းရဲ့အနီးဆုံးမှာငါရပ်နေပြီးစကားတွေများကြီးပြောခဲ့
တာတောင်မကြားနိုင်ခဲ့ဘူးလေ။ငါ့စကားတွေကိုမင်း
မကြားခဲ့ပေမယ့်လေညှင်းလေးကကြားသွားခဲ့လို့
ငါ့ရဲ့ဘေးနားမှာဝမ်းနည်းလို့ငိုချင်းချသွားတယ်။အဲဒီချိန်ငါအရမ်းပင်ပန်းခဲ့တာ..မင်းအပြုံးတွေမြင်ရမယ့်အစား မျက်ရည်တွေပဲမြင်ခဲ့ရလို့ ငါ့နှလုံးသား
တဆစ်ဆစ်နဲ့ကိုက်ခဲလာတာ။ဘယ်လိုအဆိပ်မျိုး
လည်း......။ဒါပေမယ့်လည်း ငါတွေ့လိုက်ပါတယ်
မင်းမျက်ဝန်းထဲမှာ ...ငါ့ကိုသေလောက်အောင်မုန်း
တဲ့ အမုန်းပွင့်တွေတခမ်းတနားပွင့်သွားခဲ့တာကို။မင်းမျက်ဝန်းတွေကအမုန်းတရားတွေအတွက်စိမ်းစိုတောက်ပကာအရည်တလဲ့လဲ့ထခဲ့တဲ့နေ့လေ။မုန်းသွားပြီပေါ့..
စိတ်နာခဲ့ပြီပေါ့..
စိတ်ကုန်သွားပြီပေါ့..ဒါတွေအားလုံးက ဒုတိယအကြိမ် ငါ့ရင်ကိုခွဲမယ့်
အမုန်းတရားတွေရဲ့ဓားသွားပေါ့။_________________________
အချိန်တော်တော်ကြာကြာကြီးကိုကျွန်တော်အိပ်
ပျော်သွားခဲ့ပုံရတယ်၊ဘယ်လောက်ထိကြာသွား
လည်းဆိုတာကိုတော့ကျွန်တော်အတိကျမသိဘူး
![](https://img.wattpad.com/cover/57838935-288-k671032.jpg)
YOU ARE READING
နွယ်..sulay Fic
LosoweSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...