စာကြည့်ခန်းလေးရဲ့အရှေ့မှာအချိန်တော်ကြာအောင်
တွေဝေရင်း ရပ်နေမိတော့သူ့ကိုပိုပြီးလွမ်းလာသည်။လက်ကိုင်တံခါးလေးကိုလှည့်ကာတွန်းဖွင့်ပြီး
အချိန်ကာလတစ်ခုကြာမြင့်စွာထိအဆက်သွယ်ပြတ်
ခဲ့သောဒီစာကြည့်ခန်းလေးထဲသို့ xing ဦးစွာပထမ
ခြေချလိုက်မိသည်။တိတ်ဆိတ်လှတဲ့အခန်းငယ်လေးအတွင်းထဲမှာ Xing ကြားနေရတာတစ်ခုပဲရှိသည်။အဲ့ဒါကတော့
Xingရဲ့အသက်ရှူသံခပ်ပြင်းပြင်းများပင်ဖြစ်သည်။ အလိုလိုကျလာတဲ့မျက်ရည်တွေကိုလက်ဖျံနဲ့သုတ်ချ
ရင်းသူ့အငွေ့အသက်တွေပြည့်နှက်နေတဲ့ဒီအခန်းလေးထဲမှာXing အဓိပ္ပါယ်မဲ့စွာနဲ့အကြာကြီးရပ်နေမိတယ်အလွမ်းဆိုတာ...လွမ်းရသူကို...ပိုပြီးလွမ်းရလေအောင်
နှိပ်စက်တက်တဲ့အရာများလား....ဒါမှမဟုတ်....
အလွမ်းဆိုတာ...ကိုယ့်ကိုမညှာမတာပဲ...ရင်တွင်းသို့
ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းပင်လား....ဆိုတာကိုတော့လွမ်းရတဲ့သူသာအသိဆုံးပဲဖြစ်မှာပါ။.......................................................
ညက အလွမ်းရိပ်ခြုံနေတဲ့ဒီအိမ်လေးထဲxingတစ်
ယောက်ထဲတော်တော်နှင့်အိပ်လို့မပျော်ခဲ့။ဝေလီဝေ
လင်း၊လင်းခါနီးချိန်မှတမှေးလောက်မှေးခနဲအိပ်ပျော်သွားခဲ့သည်။ခုလည်းကြည့်..မနက်မိုးသောက်ရောင်နီဦးမှာ
ပြာလဲ့လဲ့နေရောင်ခြည်တို့ကxingအခန်းကိုအနွေးဓာတ်စပေး၍လှုပ်နှိုးနေပြန်ပြီ။အိပ်အရမဲ့အတူတူတော့မထူး
တော့ပြီမို့Xingလည်းအိပ်ရာမှထ ရေမိုးချိုးမျက်နှာသစ်၊သူ့အတွက်လိုအပ်မယ်ထင်တဲ့အဝတ်အစားအသုံးအ
ဆောင်တို့ကိုယူ၍ဆေးရုံသို့တစ်ခါတည်းထွက်လာ
ခဲ့သည်။ဆေးရုံရောက်ခါနီးလေ xingခြေလှမ်းတွေကျဲလာလေ
ရင်ခုန်နှုန်းတွေမြန်လာလေပါပဲ။xingသူ့ကိုအရမ်းတွေ့ချင်
နေမိပြီ။xingရောက်သွားတဲ့အခါ..သူ..ဝေးလံလှတဲ့ခရီးကနေ နိုးထနေလောက်ပါပြီနော်
YOU ARE READING
နွယ်..sulay Fic
AléatoireSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...