ကျွန်တော်အိမ်မက်များလားလို့ထင်မိတယ်
အိမ်မက်ပါပဲ ဒါဟာအိမ်မက်ဖြစ်ပါစေလို့
မနိုးထနိုင်သေးတဲ့ကျွန်တော့်ရဲ့စိတ်တွေက
ဆုတောင်းနေတာ..
ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်
ခုခြင်းဆီကိုနူးညံ့တဲ့အရာတစ်ခုခုကထိတွေ့
နေတယ်...
ထိတွေ့လိုက်တဲ့ အထိတွေ့တွေကနူးညံ့
တယ် နွေးထွေးတယ်..မသိစိတ်တွေထဲကနေနူးညံ့မှုနဲ့နွေးထွေးမှုကိုတပြိုင်နက်တည်းခံစားနေရတယ်ထိုနွေးထွေးမှုကလေ ဘယ်လောက်တောင်များနွေးထွေးသလည်းဆိုရင်..ကျွန်တော့်
နှလုံးသား အိမ် ထိပါ ...စီးဝင်ပြီးကိုနွေး
ထွေးနေတာ...မနိုးထနိုင်သေးတဲ့ကျွန်တော်ရဲ့ စိတ်တွေကတော့ လေပြေလေညင်းနဲ့ နေမင်း ကြီးကြားမှာ...တစ်ပြန်တစ်လှန်မမောနိုင်မပန်းနိုင်ကူးခတ်နေတာပေါ့
တစ်ခါမှမခံစားဖူးတဲ့ ခံစားမှုတွေကြောင့်
လွင့်မြောနေတဲ့ ကျွန်တော့ရဲ့စိတ် လေးကို
စုစည်းလိုက်တယ်...ကျွန်တော်...ဦးနှောက်နဲ့ အာရုံထဲမှာ
အသိနည်းနည်းတော့ဝင်လာပြီ...အသိရဲ့
နောက်မှာ ကျွန်တော့်ရဲ့စိတ်ကလေးကပ်ပါလာတဲ့အတွက်..စိတ်ကစေခိုင်းတာကို
ကျွန်တော်လုပ်မိတယ်...ပထမဆုံးကတော့ကျွန်တော့်ရဲ့လေးလံနေတဲ့မျက်လုံးတွေကို ကြိုးစားပြီးဖွင့်ဖို့ပေါ့
ဒါပေမယ့်လည်းအားမတန်လို့မာန်လျော့လိုက်ရတယ်...
လေးလံပြီးပင်ပန်းလွန်းလှတဲ့မျက်ခွံတွေက
ကျွန်တော့်ရဲ့မျက်လုံးအစုံကိုလွတ်လပ်မှုတွေမပေးချင်သေးဘူးထင်ပါရဲ့...
ဘယ်လိုမှကြိုးစားပြီးဖွင့်လို့မရဘူး..ဒါပေမယ့်..အသိစိတ်တွေကြောင့်တော့
ကျွန်တော့်ခန္ဓာကိုယ်လေး လူးလွန့်သွား
တယ်ထင်ပ...ထိုအချိန်မှာပဲ..တစ်စုံ
တစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ်
အလွန်ချိုသာတဲ့ အသံလှိုင်းရဲ့ နောက်မှာစိုးရိမ်မှုဆိုတဲ့ ပဲ့တင်သံတွေက ရိုက်ခတ်ပြီးပါလာတယ်....သူ့အသံလေးတွေက
တုန်ယင်နေတယ်လေ...တစ်ခါတစ်ခါငိုမဲ့မဲ့အသံလေးဖြစ်ဖြစ်သွားတယ်...ဟော....ကျွန်တော်နောက်ထပ်တစ်ခါ
ထပ်ကြားရပြန်ပြီ"Suho shi ...suho shi"
YOU ARE READING
နွယ်..sulay Fic
DiversosSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...