မနက်အလုပ်စစရောက်ရောက်ထဲကနေ ဝင်လိုက်ရတဲ့ ခွဲစိတ်ခန်းဆိုတာ ဟူး...ခုမှပဲပြီးတော့တယ်နာရီပေါင်းများစွာ ခွဲခန်းစိတ်ခန်း
ထဲမှာသေမင်းနဲ့ အပြိုင်ဘယ်သူနိုင်မလည်း
ဆိုတာကြိုတင်မသိနိုင်တဲ့ game တစ်ပွဲကို
ရင်မောစွာ ကစားခဲ့ရသလိုပါပဲ ဆရာဝန်တွေ
လည်းစိတ်ရော လူရော ဖတ်ဖတ်ကိုမောခဲ့ရ
တယ်...
မမောပဲနေမလားလေ...ရောက်လာတဲ့လူနာ
ကိုလည်းကြည့်အုံး ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိတာ တစ်ဖက်ကားက လူကတော့ပွဲချင်း
ပြီးသေသွားခဲ့ပေမယ့် ကျန်တစ်ဖက်ကားကလူ
ကတော့ မသေပဲ ဒဏ်ရာအပြင်းအထန်ရပြီး
ရောက်လာတယ်..တစ်ကိုယ်လုံးကသွေး
သံရဲရဲသွေးအလိမ်းလိမ်းနဲ့..အသက်ဆိုတာပါ
တယ်ဆိုယုံလေး..ငွေ့ငွေ့လေးရယ်..နှလုံးက
မခုန်တစ်ချက်ခုန်တစ်ချက်နဲ့သတိဆိုတာလုံးဝ
မလည်လာတော့တဲ့အဆင့် ကားနှစ်စီးတိုက်မိတာတော်တော်လေးအရှိန်ပြင်းပုံရတယ်
လူနာရဲ့ခြေထောက်နှစ်ချောင်းဟာ အထဲမှာ
အရိုးတွေကြေမွကုန်တာ
အဲ့လိုလူနာမျိုးကိုသေမင်းလက်ထဲကနေကယ်
ထုတ်ဖို့ဆိုတာ စဉ်းစားကြည့်ပါတော့ ဆရာဝန်
တွေဘယ်လောက်ထိ ချွေးပြန်ခဲ့ရမလည်းလို့
တကယ်ကိုရင်ခုန်စရာကောင်း game ကစား
ပွဲလေး တစ်ခုပါပဲ ..ကျွန်တော်ကတော့ အဲ့လိုပဲသတ်မှတ်တယ်..ဒါပေမယ့်ဆရာဝန်တွေကသက်ဆိုင်ရာနေရာမှာကျွမ်းကျွမ်းကျင်ကျင်နဲ့တာဝန်ကျေစွာကစားသွားကြတော့ဒီ game ပွဲလေးကအခက်အခဲမရှိပဲနဲ့ အောင်မြင်စွာပြီးဆုံးသွားတယ်လေ
မနက်ဆေးရုံရောက်ရောက်ချင်း ၉ နာရီလောက်ကရင်းခွဲခန်းထဲဝင်လိုက်တာ suho ပြန်ထွက်
လာတော့ ဗိုက်ဆာနေပြီ..လက်မှာဝတ်ထားတဲ့
နာရီကိုကြည့်လိုက်တော့ ထမင်းစားချိန်တောင်ကျော်နေပြီ
"အမယ်လေး..ငါခွဲခန်းထဲမှာအကြာကြီးမတ်
တက်ရပ်ခဲ့တာပါလား.."
ကိုယ့်ဇောနဲ့ကိုမို့သာမသိတာ ပြန်ထွက်လာတော့..ခြေထောက်တွေကအတော်လေး ကို ချိနေတာ...ဆရာဝန်ဘဝရယ် စာတွေအသေအကျေကျက်ပြီး ပညာတွေကြိုးစားခဲ့တာ နောက်ဆုံးတော့လည်း ပညာတက်ပြီးပင်ပန်းရတဲ့ဘဝ
ပါလား...ဒါပေမယ့်လည်းကိုယ်ကဝါသနာပါ
တော့ သိပ်ပြီးတော့စိတ်ဖိစီးမှုမဖြစ်မိပါဘူး
တစ်ခါတစ်ခါတော့လည်းပင်ပန်းလို့ ညည်းမိတာ
ပေါ့
YOU ARE READING
နွယ်..sulay Fic
De TodoSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...
