ရက်စက်တက်တဲ့နေရာမှာ အရှင်သခင်မရယ်လို့
ငါ့နှလုံးသားကနေ မင်းကို သရဖူဆောင်းပေးလိုက်
ပါပြီ
.
.
.
ငါဟာ လည်းလူသားတစ်ယောက်ပေမို့..မင်းကနာ
ကျင်စရာတွေရက်ရက်ရောရောပေးလာတဲ့အခါငါ့မှာလည်းရင်နာစရာတွေက ပိုပိုသာသာ ဖြစ်ခဲ့တာ
ပေါ့ငါငိုချင်တယ် ဒါပေမယ့်
မင်းကိုတော့ကြိုးစားပြီးပြုံးပြမယ်...ငါနာကျင်နေတယ် ဒါပေမယ့်
ကြိုးစားပြီး ဖုံးဖိထားမယ်...ခုတော့အရာအားလုံးက
မင်းစိတ်ကြိုက်ဖြစ်မှာမို့
အမုန်းဘုရင်မရဲ့
ကွေးညွတ်ညွတ်အပြုံးထက်မှာ
ငါ့နှလုံးသားကိုလိုသလိုသာပြုပါ..
လဲကျလည်းပြန်ထပေးမှာမို့...
ငါ့နှလုံးသားကိုစိတ်ကြိုက်ကစားစမ်း
အမျက်အမုန်းတွေသင်ပုန်းကြေမယ်ဆို..
မင်းလက်ထဲမှာပျော်ပျော်ကြီးစတေးလို့ပေးတယ်..
အမုန်းဘုရင်မရယ်...
ပြုံးတော်မူ..._________________________
လောကကြီးက..နေပျော်စရာဆိုတဲ့ စကားလေးတစ်
ခွန်းရဲ့ကြားထဲမှာ..ကျွန်တော့်ဘဝလေးက တဖြည်း
ဖြည်းနဲ့ ဘောင်ကျဉ်းလာခဲ့တယ်...ကိစ္စတိုင်းအရာတိုင်းက ကျွန်တော့်အတွက်အရမ်း
ကိုခက်ခဲနေတဲ့အရာတွေချည်းပဲလေ...အလွယ် ရယ် အခက် ရယ်...ဒီလိုနိယာမတရားတွေနဲ့ရောထွေးနေတဲ့လောကကြီးက...ကျွန်တော်ဘဝ
ထဲကိုခက်ခဲမှုတွေကြီးပဲ..ရက်ရက်ရောရောသွန်ချနေတာကတော့လောကကြီးကသိပ်တော့သဘာဝမကျလှ..."အဟတ်"
ကျွန်တော့်ပါးစပ်ကနေပြီး ခပ်မဲ့မဲ့အပြုံးကိုညည်းထုတ်လိုက်ရင်း...
စိတ်ထဲကနေမျက်နှာလိုက်တဲ့လောကကြီးကိုထပ်ခါထပ်ခါအပြစ်တင်နေမိတယ်..
Xing နဲ့ကျွန်တော်ပြန်တော့ဆုံတွေ့ပါရဲ့သူ့ဘက်က သံယောဇဉ်လက်ကျန်တွေကို..ဥပက္ခာပြုထားလို့
ရှေ့ဆက်တိုးမရ...
YOU ARE READING
နွယ်..sulay Fic
РазноеSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...