ထိုဆိတ်ငြိမ်မှုသည် ဘယ်လောက်ကြာအောင်သွား
နေမိသည်မသိ။သူ့နားထဲတွင်မကြားဖူးသောအသံ
တစ်မျိုးကိုကြားလိုက်ရသည်။ထိုအသံသည်သူမ၏
ရှိုက်သံပင်ဖြစ်၏။တစ်ချက်တစ်ချက်မှကြားရသည့်သူမ၏ရှိုက်သံများသည်ကျွန်တော့၏နားထဲတွင်အကြိမ်ကြိမ်ပဲ့
တင်ထပ်သွားရသည်။သူမရဲ့ရှိုက်သံတွေကကျွန်တော့်ကိုပို၍ယူကျုံးမရ
ဖြစ်စေရတယ်လေ။”ငါ..မင်းကိုစွန့်ပစ်ခဲ့တဲ့ကောင်ပါ။
မင်းဘက်ကနေစပြီးလက်ကမ်းပေးခဲ့ရင်တောင်
ငါ့ဘက်ကနေရဲရဲဝံ့ဝံ့မတွဲနိုင်တဲ့အနေအထားဖြစ်
နေပြီ၊အမှန်ဆိုမင်းငါ့နားကနေရုန်းထွက်သွားရ
တော့မှာ...ငါ့လိုလူကိုဘာတွေများတွယ်တာစရာ
တွေရှိနေလို့ငါ့အနားကနေထွက်မသွားနိုင်ဖြစ်နေ
ရတာလည်းXingရယ်””နေသားတကျဖြစ်နေလို့လေ...ရုန်းထွက်လေနစ်ဝင်လေနဲ့နွံအိုင်နဲ့တူတဲ့ရှင့်ဘတ်ကxingအတွက်နေ
သားတကျဖြစ်နေလို့ပေါ့...”ကျွန်တော်တို့နှစ်ယောက်ကြားမှာရှိတဲ့မတူညီတဲ့
အစွန်းအစနှစ်ဖက်ကိုတွေဝေခြင်းမရှိပဲပြောချလိုက်
တဲ့xingရဲ့စကားတစ်ခွန်းကကြိုးညှိပေးလိုက်သ
လိုဖြစ်သွားစေခဲ့တယ်။”xingလေ..ရှင့်ကိုယောင်လို့တောင်မမုန်းခဲ့ပါဘူး၊
ရှင်ကနာကျင်မှုတွေပေးခဲ့ရင်တောင်ကျွန်မကအဲ့ဒီနာ
ကျင်မှုထဲကနေကြည်နူးမှုကိုလိုက်ရှာတက်တဲ့သူပါ
ရှင့်ကိုမမုန်းရက်လို့၊ကြေကွဲစရာတွေပေးရင်တောင်
အဲ့ဒီကြေကွဲမှုတွေထဲကကျွန်မကအလွမ်းကိုဖန်တီးယူတဲ့သူပါ။ရှင်နဲ့ပတ်သတ်သမျှနာကျင်မှုရယ်လို့
ကျွန်မဘယ်တော့မှမတွေးခဲ့ဖူးဘူး။အဲ့ဒါကြောင့် နေသားတကျဖြစ်နေတဲ့ရှင့်ရဲ့နွံအိုင်လေးထဲမှာxingကိုနေခွင့်ပေးပါနော်”Xingကကျွန်တော့်မျက်လုံးများကိုတည့်မတ်စွာစူး
စိုက်ကြည့်နေရင်းပြောနေသည်။xingရဲ့မျက်လုံးများ
တွင်သူ့အပြောကိုနာခံစေလိုသောအရိပ်အယောင်များကိုမြင်တွေ့လိုက်ရသည်။ ဟင့်အင်း..အဲဒီမျက်
လုံးတွေနဲ့ ကျေးဇူးပြုပြီးမကြည့်ပါနဲ့xing။အဲ့ဒီမျက်
လုံးတွေနဲ့ ရင်ဆိုင်ရပြီဆိုရင်ငါ့ရဲ့တွန်းလှန်နိုင်တဲ့ခွန်
အားမှန်သမျှအရည်ပျော်ပျောက်ဆုံးသွားတက်လွန်း
လို့..ငါ့ကိုအဲ့မျက်လုံးတွေနဲ့မကြည့်ပါနဲ့။

YOU ARE READING
နွယ်..sulay Fic
RastgeleSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...