ဆူဟိုကိုစိတ်မကောင်းလို့သာ ဆေးရုံကနေပေး
ဆင်းလိုက်ရတာ..စိတ်ကတော့သိပ်မဖြောင့်လှ။
တစ်ခုခုဖြစ်ခဲ့ရင်ဆေးရုံကိုပြန်လာဖြစ်အောင်လာ
ဖို့မှာရတာလည်းအကြိမ်ပေါင်းကမနည်းလှပေ။
သူကတော့ ဘယ်ဟာကိုမှအရေးမထားအိမ်ပြန်
ဖို့ကိုပဲ စိတ်ဆောင်နေရှာသည်။ဆူဟိုဒီနေ့တော်
တော်လေးကိုကြည့်ကောင်းနေတယ်။မျက်ဝန်း
အရောင်လေးတွေကအရင်နေ့တွေကထက်လင်း
လက်နေသလိုအပြုံးတွေကလည်းအရင်ကထက်
ကိုပိုတောက်ပနေတယ်။
"ပြောမရလို့ပေးဆင်းလိုက်တာနော်...
တစ်ပတ်အပြင်ပိုမရဘူး၊တစ်ပတ်ပြည့်တာနဲ့
ဆေးရုံပြန်လာ..ဒါပဲ"
မင်ဂျွန်းရဲ့ဘုကျကျဘောက်ဆက်ဆက်
မျက်နှာပေးနဲ့စကားသံကြား စိတ်မချဟန်ဖြစ်
နေရှာတဲ့သူ့မျက်နှာရိပ်ကလူကိုတကယ်ပဲ
စိတ်အိုက်စေရတယ်။
ဘာပဲဖြစ်ဖြစ်လေကျွန်တော်ဒီနေ့ပျော်နေတာက
တော့အမှန်ပါ။ကားပါကင်ထိတကူးတကလိုက်ပို့
ပေးတဲ့မင်ဂျွန်းကိုကားထဲကနေမော်ကြွားစွာကြည့်
ရင်းကျွန်တော်ပြုံးပြလိုက်သည်။
မင်ဂျွန်းကတော့ကျွန်တော့်ကိုသိပ်ကြည့်ရပုံမပေါ်
တဲ့မျက်လုံးတွေနဲ့...
"မင်းနော်...နေမကောင်းဘူးဆိုပြီးxing အပေါ်
အခွင့်ရေးတွေသိပ်မယူနဲ့..မင်းအကြောင်းငါသိ
တယ်.."
"Yah..ဒီကောင်..ကိုယ့်သူငယ်ချင်းအတွက်
ဝမ်းသာပေးရမယ့်ဟာကို..မနာလိုတဲ့လေသံကြီး
နဲ့..မင်းတော်တော်ချစ်ဖို့ကောင်းတဲ့ကောင်ပဲ"
"အမယ်မနာလိုတယ်လို့ဖြစ်ရအုံးမယ်
ပြေးကြည့်ရင်xingကိုသနားလို့ကွ..ဟွန့်
မင်းကငါ့သူငယ်ချင်းနော် ....
ဘယ်လောက်တောင်များးxingအပေါ်အချွဲပို
နေမလည်းလို့..ဟင်းဟင်း..ငါ့မျက်စိထဲမင်းကို
မြင်ယောင်နေတယ်နော်."
လည်ချောင်းအတွင်းမှလာတဲ့အသံကိုအံကြိတ်
ကာနှုတ်ခမ်းလှုပ်ရုံမျှဖြင့်လူကိုကျိတ်မနိုင်ခဲမရဖြစ်
သောအမူအယာနဲ့ပြောလာတဲ့မင်ဂျွန်းကိုကျွန်တော်
ကြည့်ရင်းရီချင်လာမိသည်။
"Xingရေဒီကောင်ကြီးကိုပြောမရရင်လေ
ကျွန်တော့်ဆီကိုသာတစ်ခါထဲဆွဲခေါ်လာခဲ့
ကျွန်တော်ဆုံးမပေးမယ်သိလား"
YOU ARE READING
နွယ်..sulay Fic
AléatoireSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...
