နွယ်(အပိုင်း)(၁၆)
ချစ်ခြင်းဆိုတဲ့ရေကြည်လေးထဲမှာ လူသား နှစ်ယောက်ရဲ့နှလုံးအိမ်ကို မွမ်းမံစိုက်ပျိုးတော့စိမ်းလွှလွှ ရွက်ကြောစိမ်းတွေဟာ တဖျတ်ဖျတ်နဲ့စိမ့်ဖြာထွက်
ပြီး အနားသတ်မှာချစ်ခြင်းတွေက တွဲလောင်းခိုလို့ပေါ့အချစ်တွေလတ်ဆက်နေတယ်...
အပြုံးတွေလတ်ဆက်နေတယ်...
မျက်ဝန်းတွေလတ်ဆက်နေတယ်...အချစ်ကြောင့်...အရာအားလုံးလတ်ဆက်နေသလို
ကျွန်တော်တို့နှစ်ယောက်ရဲ့နှလုံးသားတွေဟာလည်းပျိုမျှစ်နုနယ်လွန်းနေတယ်....
ပင်လယ်ကြီးရဲ့ရင်ခွင်ထဲမှာ...
ဆွေးဆွေးနီ နေလုံးကြီးက...
မေးတင်ပြီးကြည့်နေချိန်...
ငေးရီလှိုက်မောခြင်းများနဲ့..
သက်ပြင်းရှိုက်ခဲ့သောသူနှစ်ယောက်..
ရှည်မျောမျောအရိပ်တွေ..
ပင်လယ်ကြီးရဲ့မျက်နှာပြင်မှာ..
ယောင်ပြန်ဟပ်ချိန်မှာတော့..
သူရော...ကျွန်တော်ရော..
တစ်ယောက်အနမ်းကိုတစ်ယောက်..
သောက်သုံးလို့ဝခဲ့ပြီ...Xing နဲ့ ကျွန်တော်...တစ်ယောက်နှလုံးသားကို
တစ်ယောက် ရင်ဘတ်ထဲထည့်ကာ..ဖျတ်မရတဲ့
အချစ်ကျောက်စာကဗ္ဗည်းကိုထိုးခဲ့ကြပြီလေ..________________________
ဆေးရုံကိုရောက်နေပေမယ့် ဆူဟိုရဲ့စိတ်တွေက
သိပ်ပြီးတော့ဂဏှာမငြိမ်လှ....မနေ့က...xing နဲ့သူနဲ့ ကမ်းခြေမှာ အနမ်းချိုတွေ
သောက်သုံးရင်း စကားချိုတွေနဲ့ နာနေတဲ့နှလုံးသား
လေးကို တစ်ယောက်တစ်ပြန်ကုသပေးခဲ့ကြတယ်
မဟုတ်လား...Xingရဲ့ပန်းတစ်ပွင့်ဆန်တဲ့ အပြုံးလေးတွေကို
မျက်လုံးထဲမှာ မြင်ယောင်ရင်း..အရင်နေ့တွေကထက် ပိုပြီးစိတ်ရှိလက်ရှိအားရပါးရကြီးကို
ကျွန်တော်ပြုံးလိုက်မိတယ်"အဟား....အပြုံးတွေက တယ်ပဲလတ်ဆတ်နေသကိုး...မောင်ဆူဟိုရ..."

YOU ARE READING
နွယ်..sulay Fic
عشوائيSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...