(တတိယပိုင်း)(၁၈)
အလှပဆုံးသောချစ်သူရဲ့လက်ဆောင်ကိုလက်ခံယူဖို့အတွက်..ကမ်းခြေကိုရောက်ခဲ့ပြီ
Xing သူနဲ့ချိန်းထားတဲ့အချိန်ထက်နာရီခွက်စောပြီး
ရောက်လာမိလို့ကျန်တဲ့နာရီခွက်ကိုရင်ခူုန်စိတ်လှုပ်ရှားစွာနဲ့ပဲ ကျွန်မချစ်သူအလာကိုစောင့်မျှော်ရတော့
မှာပေါ့ဒီနေ့မှ..xing အလှဆုံးပြင်ဆင်လာမိတယ်
အဝတ်အစားကိုလည်းxing နဲ့လိုက်ဖက်မယ့်အ
ရောင်လေးကိုရွေးချယ်ကာ၊အညိုရောင်ဖျော့ဖျော့ရှိတဲ့xing ဆံပင်လေးကိုလည်း အပြင်အဆင်တွေနဲ့လိုက်အောင် အလှဆုံးထုံးဖွဲ့လာတယ်...ကိုယ်ပြင်ဆင်လာခဲ့တဲ့ပုံစံလေးကိုမျက်လုံးထဲမှာပြန်မြင်ယောင်မိရင်း xing ကျေကျေနပ်နပ်ကြီးပြုံး
လိုက်မိတယ်...."ဒီနေ့မှာ...ငါ့လောက်လှတဲ့မိန်းခလေးရှိပါ့အုံးမလား......ကင်ဆူဟို..ရှင်ဒီနေ့တော့ကျွန်မအလှမှာ ယစ်မူးသွားစေရမယ်..ဟိဟိ"
ကမ်းခြေမှာအတွန့်တိုမရှိပျံ့လွင့်လာတဲ့လေနုအေးကို
အားရပါးရ လက်နှစ်ဖက်ကိုဆန့်တန်းရင်းရင်ကိုဖွင့်ကာရှူသွင်းလိုက်တယ်"ဝါး...ကောင်းလိုက်တာ...လတ်ဆက်လိုက်တဲ့
ပင်လယ်လေ ရင်ထဲကိုအေးသွားတာပဲ..ဒီနေ့တော့
ငါ့မျက်စိရှေ့မှာမြင်နေရတဲ့အရာအားလုံးက လှပ
နေလိုက်ကြတာ...ပင်လယ်ကြီးလည်းအရမ်းချစ်ဖို့ကောင်းနေတယ်..ဒါဆိုငါ့ရင်ခုန်သံတွေကရော...?"ပြောပြောဆိုဆိုနဲ့ xing ရင်ဘတ်လေးကိုလက်နဲ့
ဖိကာစမ်းမိတယ်"ငါ့ရင်ခုန်သံတွေလည်း ဒီနေ့မှာလတ်လတ်ဆက်ဆက်ကြီးနဲ့လှလှပပကြီးကိုခုန်နေပါ့လား..ငါ့ရင်ခုန်သံလေးတွေခုလိုမျိုးသက်ဝင်လှုပ်ရှားမှုမရှိခဲ့တာကြာ
ရောပေါ့...ခုတော့ သူ...ပြန်ပြီးအသက်ဝင်လာပြီ
ကျေးဇူးပါကင်ဆူဟို...အဲ့ဒါတွေအကုန်လုံးက
ရှင်ပေးမယ့်လက်ဆောင်ကြောင့်လို့ထင်တယ်...ရှင့်
ကိုတကယ်ကျေးဇူးတင်ပါတယ်...ဟား...မြန်မြန်
လာပါတော့ ဆူဟိုရယ်...xing စောင့်နေရတာ
ပင်ပန်းလှပြီ.."
YOU ARE READING
နွယ်..sulay Fic
Ngẫu nhiênSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...