Xing ရဲ့သိချင်စိတ်တွေကအသွေးသားထဲမှဘယ်လိုမှကိုမြိုသိပ်၍မရတော့တာကြောင့် xing ကားလေးကို မြန်သထက်မြန်အောင်အရှိန်တင်လိုက်သည်။
ကားမောင်းနေစဉ်မှာလည်း အတွေးတွေကတောင်စဉ်တန်း
တွေလိုတသီတတန်းလိုက်ပါကပ်ငြိလာကြပြန်သည်။xing
ခံစားမိတယ်။ ဆူဟိုရဲ့သူငယ်ချင်းဒေါက်တာဂင်ရဲ့အပြော
တွေကအရမ်းကိုလေးနက်နေတယ်လို့ xing ရင်ထဲမှာစူး
စူးနစ်နစ်ကိုခံစားမိနေတယ်။ဆူဟိုဘာများ ဖြစ်လို့ပါလိမ့်....
သူတစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်....ဒါပေမယ့် ဖြစ်နေပါတယ်လို့အငွေ့အသက်အရိပ်အယောင်
တွေကို xing ဘာကြောင့်ခံစားမိနေသလည်း။ကျွီ...........
"အမေ့..."
မီးပွိုင့်ရှိနေတာကိုသတိမထားမိပဲအတွေးတွေလွင့်
ရင်းမောင်းလာခဲ့တာ.... ရှေ့မှာရပ်ထားတဲ့ကားကိုတိုက်မိတော့မလို့နည်းနည်းလေးပဲလိုတော့တယ်။
တော်သေးတာပေါ့ ...ကံကောင်းပေလို့သာပဲ...အချိန်မှီလေးကားဘရိတ်ကိုဖမ်းနင်းနိုင်ခဲ့လို့....ဟူး.....ဘာတွေဖြစ်နေတာလည်း...ငါ့စိတ်တွေက
တစ်ခုခုကိုစိုးရိမ်နေသလို တုန်လှုပ်နေသလိုနဲ့ သူ..သူ..ဘာမှတော့မဖြစ်နိုင်လောက်ပါဘူးနော်....ဟား...စိတ်ကိုအေးအေးထား....အေးအေးထား......စိတ်ထဲကနေ ကိုယ့်ကိုကိုယ်ပြန်ပြီးအားပေးနေမိပေ
မယ့်ဒီအားပေးမှုတွေက ...ကျွန်မအတွက်အသုံးဝင်
ပါ့မလားလို့ကိုယ့်ကိုကိုယ်သံသယဖြစ်မိပြန်တယ်။အထူးသဖြင့် သူ့အကြောင်းတွေကိုကြားလိုက်ရတဲ့အခါ
Xingဘဝကြီးတစ်ခုလုံးက ဇောက်ထိုးမိုးမျှော်ဖြစ်သွား
မှာကိုကြောက်နေမိတယ်။____________________
"ရောက်လာပြီလား...ကျွန်တော် ဆူဟိုသူငယ်ချင်
ဂင်မင်ဂျွန်းပါ..."
YOU ARE READING
နွယ်..sulay Fic
عشوائيSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...