သူကြည့်မှန်တစ်ချပ်ရှေ့၌ ရပ်လိုက်သည်။
စိတ်ကိုအညင်သာဆုံး၊အပျော့ပြောင်းဆုံးထား၍
မှန်ထဲမှသူ၏မျက်နှာဆီသို့သာအာရုံစုစည်းထား
လိုက်သည်။ပြီးနောက်...သူပြုံးလိုက်၏။ဗုဒ္ဓေါ...ဒါ...ဒါ ဘယ်လိုအပြုံးမျိုးပါလိမ့်။
သူ အလန့်တကြား မှန်ရှေ့ကနေမျက်နှာကို
လွှဲဖယ်ပစ်လိုက်သည်။ထိုအပြုံးကြောင့်
သူ့ရင်ထဲမှာ အရာအားလုံးဆုံးရှူံးသွားသည်
ဟုခံစားမိလိုက်သည်။
သူ လွယ်လွယ်နဲ့စိတ်ဓာတ်ကျတက်တဲ့သူမဟုတ်။
ဒါပေမယ့်..ဒါပေမယ့်လည်းလေ...။
ဒီအပြုံးကြောင့်ပင် သူ့ကမ္ဘာကြီးပြိုကျယိုင်လဲ
သွားသလိုဖြစ်သွားရသည်။သိသိသာသာကြီး ပိန်ကျသွားခဲ့သောသူ့မျက်နှာ။
မလင်းလက်ပဲ မှိုင်းပြသွားခဲ့သည့်သူ့အပြုံး။
မတောက်ပတော့ပဲ အမှောင်မှာတည်နေသည့်
သူ့မျက်အိမ်။သူ့မျက်နှာမှထိုချို့ယွင်းချက်တွေ
ကြောင့် သူလိုချင်တဲ့အပြုံးမျိုးကို တိတိပပ
မရတော့ပေ။အခုတော့..
မှန်ထဲကသူ့ပုံရိပ်က အပြင်ကသူ့ကို၊
ပြန် ပြုံးပြသည့်အပြုံးသည်...
မဲ့ပြုံး၊မချိပြုံး၊သနားပြုံး... များသာ။နောက်ထပ်တစ်ကြိမ် ပြုံးကြည့်ရန် သူမှန်ရှေ့၌
ပြန်ရပ်လိုက်သည်။"တီ..တီ..တီ.."
မှန်ရှေ့၌ ရပ်ဟန်ပြုတော့မည် သူ့ခြေစုံနှင့်
ခန္ဓာကိုယ်သည် ရုတ်တရက်ထမြည်လာသော
ဖုန်းသံကြောင့် ဦးတည်ရာလွဲကာ ရုတ်တရက်
ဟန်ချက်ပျက်သွားသည်။ပြီးနောက်ဖုန်းကို
ကောက်ကိုင်ရင်း....."မင်ဂျွန်း...ပြော"
"ငါ..မင်းစီစဉ်ခိုင်းတဲ့အတိုင်း ဟိုဘက်ဆေးရုံကို
လှမ်းချိတ်ပြီးပြီ။အဆင်ပြေတယ်..ဆူဟို""ဟုတ်လား..ဒါဆို..ငါ..ကျောက်ကပ်
အစားထိုးဖို့အတွက်..အဆင်ပြေပြီလား
အလှူရှင်က..တွေ့ပြီတဲ့လား..မင်ဂျွန်း"
YOU ARE READING
နွယ်..sulay Fic
DiversosSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...