နွယ် (တတိယပိုင်း)(၂၀)
ဆေးရုံမှာနေရင်းဆေးကုသရင်းနဲ့ တစ်နေ့တာကုန်ဆုံး
ချိန်တွေကိုဝမ်းနည်းစိတ်တွေ၊ ကြေကွဲစိတ်တွေ၊ အားငယ်စိတ်တွေနဲ့ကျွန်တော်တစ်ယောက်ထဲဖြတ်သန်းခဲ့ရတယ်။
မကျန်းမာတဲ့သူတစ်ယောက်အတွက် လူ့ဘဝကြီးကအဓိ
ပ္ပါယ်မဲ့လွန်းလှတယ်...
ဝုန်းဒိုင်းသေလိုက်တာမှကောင်းအုံးမယ်။ဘာကြောင့်ငါ့
ကိုမှကံကြမ္မာကရက်စက်ရတာလည်းလို့တွေးမိရင်
ကိုယ့်ကိုကိုယ်ခံပြင်းလွန်းလှတယ်။
ကြိတ်မှိတ်ခံစားနေရုံကလွှဲလို့ရွေးချယ်ပိုင်ခွင့်ဆိုတာ
ကျွန်တော့်မှာမရှိတော့ဘူး...
ဘာလို့လည်းဆိုတော့..ကံကြမ္မာရဲ့ရွေးချယ်ခြင်းကိုကျွန်
တော်ခံခဲ့ရလို့ပဲ...
ဘေးနားမှာ မင်ဂျွန်း ရှိနေလို့သာတော်တော့တယ်။ဒီအချိန်
မှာ ကျွန်တော့်အတွက်သူဟာ လက်လှမ်းမှီရာလှမ်းပြီးဆုပ်
ကိုင်ထားရတဲ့ကောက်ရိုးတစ်မျှင်ပဲ။
"မနက်စာ ဘာစားထားလည်းဆူဟို"
ခုတင်ထက်မှာမှိန်းနေရင်း မင်ဂျွန်းရဲ့အသံကိုကြားလိုက်ရ
တာကြောင့် အလွန်တရာလေးလံလွန်းနေတဲ့မျက်ဝန်းတွေ
ကို မဖွင့်ချင်ပေမယ့်လည်း...အားယူဖွင့်လိုက်တယ်
"စားချင်စိတ်မရှိလို့..မစားထားဘူး ...
.မင်ဂျွန်း ငါဖျားနေပြီနဲ့တူတယ် နေရတာနုံးနေတယ်"
ကျွန်တော့်စကားတွေနဲ့တစ်ဆက်တည်းမင်ဂျွန်းရဲ့လက်က
ကျွန်တော့်နဖူးဆီသို့ချဉ်းကပ်လာတယ်။
"ဟာ....မင်းကိုယ်တွေပူနေတာပဲ၊ အဖျားဝင်နေပြီ၊
ခြေထောက်တွေလက်တွေ လည်းယောင်နေတယ်။
ရေတွေအရမ်းမသောက်နဲ့ဆူဟို၊ရေကတော့သောက်
တယ်၊ ဆီးအဖြစ်မသွားဘူး၊ အဲ့တော့မင်းခြေတွေလက်
တွေကယောင်လာပြီပေါ့။ကျောက်ကပ်ကထွက်တဲ့အရည်နဲ့မင်းသောက်တဲ့ရေကိုချိန်သောက်ပါ။
ဖြစ်နိုင်ရင်ရေကိုလုံးဝလျော့သောက်တာအကောင်းဆုံး
ပဲ"
YOU ARE READING
နွယ်..sulay Fic
DiversosSulay fic... နှင်းဆီနီလေး တစ်ပွင့်ကိုကိုင် သူ ကျွန်တော့်ရှေ့ လာရပ်တယ် မျက်ဝန်းမှာတွဲ၊ပုလဲတွေက ဖြေလျော့ကာ ရွဲနေတဲ့ မျက်ရည်အိမ် ပြတင်းကနေ တစ်ပေါက်ချင်းစီ သူ စကျဲတယ် ခပ်ဖွဖွ ကျစ်ဆုပ်ထားတဲ့ သူ့လက်ထဲက ခပ်မြော့မြော့ နှင်...
